၎င်းတို့အောက်တွင် တစ်ဆင့်ခံစာချုပ်ဖြင့် လုပ်ငန်းလုပ်ကိုင်နေသူများ အပါအဝင် တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်သူများအား မြေယာဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်၏ မြန်မာ့ တယ်လီဖုန်းဆက်သွယ်ရေး သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီမံခန့်ခွဲမှုမူဘောင်နှင့် မြေယာနှစ်ရှည် ငှားရမ်းမှု လမ်းညွန်ချက်များကို လိုက်နာစေရန် တွန်းအားပေးခြင်း။ ဆက်သွယ်ရေးတိုင် အခြေခံအဆောက်အအုံများအား မျှဝေသုံးစွဲခြင်းကို အားပေးမြှင့်တင်ခြင်းဖြင့် မြေယာရယူ အသုံးပြုမှုအပေါ် သက်ရောက်မှုများအား လျော့ချကာ လုပ်ငန်းများ မြန်ဆန်တွင်ကျယ်စေရန်။ အခန်း ၄.၇ တွင် မြေယာကိစ္စရပ်များအတွက် ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါသည်။ ထိခိုက်မှုအန္တရာယ်ကြုံတွေ့နိုင်ဖွယ်ရှိသော လူမှုအဖွဲ့အစည်းများ အွန်လိုင်းတွင် ကလေးသူငယ်များလုံခြုံရေးအတွက် ဥပဒေအရ အကာအကွယ် ပေးမှုအပါအဝင်၊ ကလေးသူငယ် များအား အကာအကွယ်ပေးရေးအတွက် ပိုမိုပြည့်စုံသော မူဘောင်တစ်ရပ် ချမှတ်ရန်။ အစိုးရသည် ကုမ္ပဏီများနှင့် အခြားသော အစိုးရများထံသို့ ၄င်းတို့၏ အာဏာသက်ရောက်ရာနေရာများတွင် ကျင့်သုံးလုပ်ကိုင်လျက်ရှိသော အလေ့အကျင့်ကောင်းများနှင့် အတွေ့အကြုံများအား မျှဝေပေးရန် တောင်းခံခြင်းကို စဉ်းစားသင့်သည်။ အမျိုးသမီးများအား အွန်လိုင်းမှ ထိပါးနှောင့်ယှက်မှုများအား အကာအကွယ်ပေးခြင်းများကို မကြာမီပြဌာန်းမည့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ် တားဆီးရေးဆိုင်ရာ ဥပဒေတွင် ထည့်သွင်းစဉ်းစားသင့်သည်။ အခန်း ၄.၈ တွင် အန္တရာယ်ရင်ဆိုင်ရနိုင်သည့် လူအုပ်စုများအတွက် ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါသည်။ ၄။ လူ့အခွင့်အရေးများကို လေးစားမှုရှိသော ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်းစံနစ်ကို ကျင့်သုံးခြင်းနှင့် အင်တာနက်ကို လွတ်လပ်စွာအသုံးပြုခွင့်ပြုခြင်းတို့ကို ဆက်လက် ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံအား ခေတ်သစ်ကာလ၏ “တင်းကြပ်စွာ စောင့်ကြည့်သည့် နိုင်ငံ“ တစ်ခုအဖြစ် မရောက်ရှိစေရန်။ ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်ချက် အခြေခံမူများ - နိုင်ငံနှင့် စီးပွားရေး လုပ်ငန်း ဆက်နွှယ်မှု ၅။ နိုင်ငံများသည် လူ့အခွင့်အရေးခံစားမှုအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရန် စီးပွားရေးလုပ်ငန်းများနှင့် စာချုပ် ချုပ်ဆိုထားလျှင်သော်လည်းကောင်း၊ တရားဝင်ခွင့်ပြုထားလျှင်သော်လည်းကောင်း ယင်း တို့၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အလို့ငှာ လုံလောက်သည့် ကြပ်မတ် ထိန်းသိမ်းမှုများ ပြုလုပ်သင့်ပါသည်။ ၆။ နိုင်ငံများအနေဖြင့် ၄င်းတို့နှင့် ကူသန်းရောင်းဝယ်ရေး လုပ်ငန်းများ ဆက်စပ်လုပ်ကိုင်နေကြသည့် စီးပွားရေး လုပ်ငန်းအဖွဲ့ များ၏ လူ့အခွင့်အရေး လေးစားလိုက်နာမှုကို မြှင့်တင်ပေးသင့်သည်။ မြန်မာအစိုးရသည် အိုင်စီတီကို အသုံးပြု၍ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားအား စောင့်ကြပ်ကြည့်ရှုသည့် အလေ့အထများကို ယခင်က လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ခေတ်ကာလနှင့်လျှော်ညီသော ဥပဒေမူဘောင်တစ်ရပ် ဖြင့် အစိုးရ၏ စောင့်ကြပ်ကြည့်ရှုခွင့်ကို ကန့်သတ်ရန် လုပ်ဆောင်သင့်သည့်မှာ ကြာပြီဖြစ်သည်။ (အခန်း ၄.၄ တွင် စောင့်ကြပ်ကြည့်ရှုခြင်းအတွက် ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါသည်။) အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ မကြာမီပြဌာန်းမည့် ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်း စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် မူဘောင်တစ်ရပ်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်မည်ဟု အစိုးရမှ ထုတ်ပြန်ကတိပြုထား သည့်အတိုင်း လိုက်နာဆောင်ရွက်ရန်။ နောက်ဆက်တွဲ တိုက်တွန်းအကြံပြုချက်များတွင် မကြာမီပြဌာန်းမည့် 14 မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

Select target paragraph3