အကြမ်းဖက်မှုများ - အထူးသဖြင့် မွတ်ဆလင် အသိုက်အဝန်းအပေါ် သက်ရောက်မှုများသည် အရေးကြီးသော ပြဿနာတစ်ခု ဖြစ်နေပါသည်။ အထူးသဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် မွတ်ဆလင် ဆန့်ကျင်ရေး အမုန်းစကားများ ဖြန့်ဝေနေသည်ကို သုတေသနနှင့် အခြားသောသတင်းထုတ်ပြန်ချက်များတွင် တွေ့ရှိရပါသည်။ တစ်ဖက်တွင်လည်း အိုင်စီတီကဏ္ဍသည် မသန်စွမ်းသူများကဲ့သို့သော ထိခိုက်လွယ်သည့် အစုအဖွဲ့များအတွက် ယခင်က ၄င်းတို့ခံစားခွင့်မရရှိခဲ့သည့် ဝင်ငွေတိုးအခွင့်အလမ်းများ သို့မဟုတ် လိုအပ်သည့် ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် ပို၍ကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ဆောင်ကြဉ်းပေးနိုင်သည်ကို တွေ့ရသည်။ ထို့အပြင် အိုင်စီတီနှင့် ဆက်နွှယ်သော ဘာသာရပ်များတွင် ဘွဲ့ရအမျိုးသမီး အရေအတွက်သည် အမျိုးသားအရေအတွက် ထက် ပို၍များပြားသည်ကို တွေ့ရှိရရာ အိုင်စီတီကဏ္ဍသည် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်း သစ်များ ဖန်တီးနိုင်သည်ကို တွေ့ရှိရသည်။ မကြာမီကြုံတွေ့ရနိုင်သည့် ကိစ္စရပ်များ တယ်လီဖုန်းကိရိယာပစ္စည်းများ ထုတ်လုပ်သည့် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍသည် မရှိသလောက် နည်းပါးသည် ဖြစ်ရာ အနိမ့်ဆုံးအခြေခံဖုန်းများနှင့် သုံးပြီးသားတယ်လီဖုန်း ဟောင်းများကိုပင်လျင် လူအများ၏ ဝယ်ယူလိုမှု အား ကောင်းနေသေးသည့် အချိန်ကာလဖြစ်သောကြောင့် အခြားနိုင်ငံများတွင် တွေ့ရသော လျှပ်စစ်စွန့်ပစ်ပစ္စည်း (e-waste) သို့မဟုတ် သဘာဝပတ်ဝန်းကျင်အား ညစ်ညမ်းစေသည့်ပြဿနာများ မြန်မာနိုင်ငံတွင် တွေ့ရှိရခြင်း မရှိ သေးပါ။ ယင်းပြဿနာများ တစ်ချိန်တွင် ကြုံလာရမည်ဆိုသည့်အချက်မှာ အငြင်းပွားဖွယ်မရှိချေ။ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ မရှိသေးခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ် ခြင်း (SWIA) လုပ်ငန်းစဉ်တွင် ရွှေ၊ ဒန်၊ သံ၊ ဒုတ္ထာ၊ တိုက်တေနီယံ စသည့် “သတ္ထုထုတ်လုပ်မှု ပဋိပက္ခ” (Conflict minerals) များကို လေ့လာနိုင်ခြင်း မရှိပါ။ အထက်ပါဖော်ပြခဲ့သော သတ္ထုအမျိုးအစားများအနက် ပထမသုံးမျိုးကို မြန်မာနိုင်ငံတွင် ထုတ်လုပ်သော်လည်း SWIA မှ လေ့လာဆန်းစစ်ခြင်း မလုပ်နိုင်ခဲ့ပါ။ ယင်းသတ္ထုများ မည်သို့ထုတ် လုပ်၊ ဖြန့်ဖြူး၊ ရောင��းချခြင်းနှင့်ဆိုင်သည့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံအတွင်းရှိ ပဋိပက္ခများသည် အနာဂါတ်ကာလ အတွက် လေ့လာစမ်းစစ်ပြီး သုတေသနပြုလုပ်နိုင်သည့် အသုံးဝင်သော ခေါင်းစဉ်တစ်ခု ဖြစ်ပါသည်။ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 7

Select target paragraph3