ပစ္စုပ္ပန် နှင့် အနာဂါတ်အလားအလာအပေါ် လူအများ၏ သဘောထားအမြင် ၃၉ ၅.၁။ နိုင်ငံရေးအမြင်အပေါ် ဩဇာလွှမ်းမိုးမှု လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍအသီးသီးမှ ခေါင်းဆောင်များက ၎င်းတို့၏ ရည်မှန်းချက်များနှင့် အတွေးအခေါ် အယူအဆများကို လူမှုကွန်ရက်မီဒီယာအပါအဝင် မီဒီယာများမှတစ်ဆင့်အများပြည်သူလူထုကို အသိပေးဆက်သွယ် ခြင်း၊အကြံဉာဏ်ရယူခြင်းသာမက အများပြည်သူ၏ သဘောထားအမြင်များကိုပါ လွှမ်းမိုးပုံဖော်လေ့ရှိပါသည်။ အခြား တစ်ဘက်တွင်လည်း ပြည်သူများက ကိစ္စရပ်တစ်ခုအတွက် ဆုံးဖြတ်ချက်ချမှတ်ရန် ၎င်းတို့လေးစားယုံကြည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ သုံးသပ်ချက်နှင့် အယူအဆများအပေါ် စံထား၍ ဆုံးဖြတ်​ချက်များ ချမှတ်ကြပါသည်။ သို့ ဖြစ်ပါ၍ Blue Shirt သုတေသနအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ ပြည်သူပြည်သားများအနေဖြင့် လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များချမှတ်ရန် သို့မဟုတ် မည်သည့်ကဏ္ဍမှ ခေါင်းဆောင်များ၏ အယူအဆ နှင့် မှတ်ချက်များအပေါ် အလေးထားအခြေခံ၍ ဆုံးဖြတ်သုံးသပ်ကြသည်ကို မေးမြန်းရာ စစ်တမ်းဖြေဆိုသူ ဆယ်ဦး တွင် သုံးဦးခန့်က နိုင်ငံရေးခေါင်းဆောင်များ (၃၆ ရာခိုင်နှုန်း)​၊ EAOs/EROs ခေါင်းဆောင်များ (၃၆ ရာခိုင်နှုန်း) နှင့် NUG ခေါင်းဆောင်များ (၃၀ ရာခိုင်နှုန်း) တို့၏ သဘောထားမှတ်ချက်နှင့် အမြင်များကို အဓိကထား ကိုးကားပါသည် ဟု ဖြေဆိုကြပါသည်။ နိုင်ငံရေးခေါင်းဆောင်များ ၃၆% တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ၃၆% အမျိုးသားညီညွတ်ရေးအစိုးရ ၃၀% နိုင်ငံတကာအဖွဲ့အသိုင်းအဝိုင်း ၂၃% သတင်းမီဒီယာများ ၁၉% အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ ၁၆% မိတ်ဆွေသူငယ်ချင်းနှင့် မိသားစုဝင်များ ၁၀% နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၉% ရပ်/ရွာခေါင်းဆောင်များ ၈% ဘာသာရေးခေါင်းဆောင်များ ၆% လူမှုကွန်ရက်တွင် ဩဇာလွှမ်းမိုးသူများ/ အနုပညာရှင်များ ၅% စီးပွားရေးလုပ်ငန်းရှင်များ ၄% မသိပါ/မဖြေဆိုလိုပါ ၂၀% ၀% ၂၀% ၄၀% ၆၀% ပုံ-၄၄။ နိုင်ငံရေးအမြင်အပေါ် ဩဇာလွှမ်းမိုးမှု (ဖြေဆိုသူအားလုံး) n=၂၈၀၈ ၈၀%

Select target paragraph3