Blue Shirt Initiative
၁၆
၁.၇။ ခွဲထွက်ရေးအပေါ်သဘောထားအမြင်
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဗမာမဟုတ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေ
ထိန်းချုပ်စိုးမိုးနိုင်မှုမှာ ယခင်ကထက် ပိုမိုကျယ်ပြန့်လာသည့်အလျောက် ဖက်ဒရယ်စနစ်ကျင့်သုံးရေးသာမက
လိုအပ်ပါက ခွဲထွက်ရေးကပါ ထည့်သွင်းစဉ်းစားရမည့် လက်ရှိပဋိပက္ခဖြေရှင်းရေးအတွက် နည်းလမ်းတစ်ခုဖြစ်
နိုင်သည်ဟု နွေဦးတော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်နေသူများအကြား ဆွေးနွေးလာကြသည်ကို တွေ့ရ
ပါသည်။ ခွဲထွက်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိသလို အားပေးထောက်ခံမှုများကိုလည်း တွေ့ရပါသည်။
Blue Shirt သုတေသနအဖွဲ့အနေဖြင့် ခွဲထွက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံသားများအနေဖြင့် မည်သို့သဘောထား
သည်ကို မေးမြန်းရာ စစ်တမ်းဖြေဆိုသူ ထက်ဝက်နီးပါးခန့်က နိုင်ငံမှခွဲထွက်ခြင်းကို ဆန့်ကျင်ကြပြီး ၎င်းတို့က
တိုင်းပြည်ကို ယခုအတိုင်းစုစည်း ထားသင့်သည်ဟု ဖြေကြားကြပါသည်။ သို့သော်လည်း စစ်တမ်းဖြေဆိုသူ သုံးပုံ
တစ်ပုံခန့်ကမူ ခွဲထွက်လိုပါက ခွဲထွက်ခွင့်ပြုသင့်သည်ဟု ဆိုကြပါသည်။ ပြည်နယ်များမှ ဖြေဆိုမှုများတွင်မူ ခွဲ
ထွက်ခြင်းကို ထောက်ခံသူနှင့် ဆန့်ကျင်သူ အညီအမျှဖြစ်နေသည်ကိုတွေ့ရပါသည်။ (၄၀ ရာခိုင်နှုန်းသည်
ထောက်ခံသူများဖြစ်၍ အခြား ၄၂ ရာခိုင်နှုန်းသည် ဆန့်ကျင်သူများဖြစ်ကြသည်။) စစ်ကိုင်းနှင့်မကွေးတိုင်းဒေသ
ကြီးတွင် ဖြေဆိုသူ ၅၅ ရာခိုင်နှုန်းကမူ ခွဲထွက်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်ကို တွေ့ရပါသည်။
၂၀%
လက်ရှိအတိုင်းပဲ စုစည်းထားသင့်ပါတယ်
၄၇%
ခွဲထွက်ဖို့ဆန္ဒရှိတဲ့ ဒေသတွေကို ခွဲထွက်ခွင့်ပြုသင့်ပါတယ်
မသိပါ/မဖြေဆိုလိုပါ
၃၃%
ပုံ-၁၃။ နိုင်ငံခွဲထွက်ခြင်းအပေါ် သဘောထားအမြင် (ဖြေဆိုသူအားလုံး) n=၂၈၀၈
လက်ရှိအတိုင်းပဲ စုစည်းထားသင့်ပါတယ်
ပြည်နယ်များ
ပထဝီနယ်မြေ
၄၀%
တိုင်းဒေသကြီးများ
၄၉%
ရန်ကုန်မြို့တော်
၄၄%
စစ်ကိုင်းနှင့်မကွေးတိုင်း
ကျား-မ
အသက်အရွယ်
ပညာရေး
မသိပါ/မဖြေဆိုလိုပါ
ခွဲထွက်ဖို့ဆန္ဒရှိတဲ့ ဒေသတွေကို ခွဲထွက်ခွင့်
ပြုသင့်ပါတယ်
၄၂%
၁၉%
၃၀%
၂၁%
၃၂%
၅၅%
၂၄%
၁၃%
၃၁%
ကျား
၄၈%
မ
၄၅%
၃၂%
၂၂%
အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား
၄၃%
၃၈%
၁၈%
အသက် ၂၆ နှစ်မှ ၃၅ နှစ်ကြား
၄၃%
၃၇%
၂၁%
၃၄%
၁၈%
၃၆နှစ်နှင့် အထက်
၅၃%
၂၆%
၂၂%
အထက်တန်းအောက်
၅၁%
၂၅%
၂၄%
၃၈%
၁၇%
အထက်တန်းအောင်နှင့်အထက်
၄၅%
၀%
၂၀%
၄၀%
၆၀%
၈၀%
ပုံ-၁၄။ နိုင်ငံခွဲထွက်ခြင်းအပေါ် သဘောထားအမြင်
၁၀၀%