စာ ၇၇ စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ? ၈.၄။ ကင်းထောက်လှမ်းခြင်း ကက(လေ) သည် လေကြောင်းကင်းထောက်ခြင်းကို လုပ်ဆောင်ပြီး ကက(ကြည်း) သည် မြေပြင်ကင်း ထောက်ခြင်းကို လုပ်ဆောင်သည်။ ခြေလျင်၊ ခြေမြန်တပ်ရင်းများ၊ စစ်ကြောင်းများအနေဖြင့် ဒရုန်းအသုံး ပြု၍ ကင်းထောက်လှမ်းမှုများလည်း လုပ်ဆောင်လျက်ရှိသည်။ တော်လှန်ရေးအင်အားစုများ စိုးမိုးသည့် နယ်မြေများတွင် ကြည်းတပ်သည် မြေပြင်အခြေအနေနှင့် သတင်း အချက်အလက်များရယူရန် ခက်ခဲသည့်အတွက် ကက(လေ)မှ တာဝန်ယူ၍ လေကြောင်းကင်းထောက်ခြင်း ကို လုပ်ဆောင်သည်။ လေကြောင်းကင်းထောက်ခြင်းဖြင့် တော်လှန်ရေးအင်အားစုများရှိနိုင်သည့် နေရာ များကို လေကြောင်းအမှတ်အသားဖြင့် မှတ်တမ်းတင်နိုင်သကဲ့သို့ အပူချိန်တိုင်းနည်းစနစ်ကြောင့် လူဦးရေ အတိအကျသိနိုင်သည်။ လေကြောင်းကင်းထောက်ခြင်းတွင် အပူချိန်တိုင်းကိရိယာများကို အသုံးပြုသဖြင့် ညပိုင်းတွင် ပိုမိုလုပ်ဆောင်လေ့ရှိသည်။ MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အပူချိန်တိုင်းကရိယာတပ် ဆင်၍ ကင်းထောက်လေ့ရှိသကဲ့သို့ ကင်းထောက်လေယာဉ်များ (ATR 72/79) နှင့် Y-12 တို့ ဖြင့်လ��်း ကင်းထောက်ခြင်း လုပ်ဆောင်သည်။ ကင်းထောက်လှမ်းပြီးသည်နှင့်တပြိုင်နက် တိုက်ခိုက်ရေးလုပ်ဆောင် နိုင်ရန် ကင်းထောက်လေယာဉ်နှင့် တိုက်ခိုက်ရေးလေယာဉ်တို့ ကြိုတင်ချိတ်ဆက် ညှိနှိုင်းထားလေ့ရှိသည့် အတွက် ကင်းထောက်လှမ်းပြီး မိနစ် ၃၀ အကြာတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင် သည်။ နည်းပညာမြင့်မားသည့် လေယာဉ်များတွင် မြေပုံညွှန်းကို ထည့်သွင်းထားနိုင်သည့် စနစ်ပါရှိသည့် အတွက် လေယာဉ်ပျံသန်းပြီး ပစ်မှတ်တည်နေရာသို့ ရောက်ရှိလျှင် တိုက်ဆိုင်စစ်ဆေးအတည်ပြုပြီးမှ ဗုံးကြဲလေ့ရှိသည်။ လေကြောင်းစစ်ဆင်ရေး လုပ်ဆောင်ရာတွင် စစ်အုပ်စု၏ တပ်တည်နေရာကို မှားယွင်းဗုံးကြဲခဲ့သည့် ဖြစ်စဉ် များလည်း ရှိခဲ့သည့်အတွက် ကင်းထောက်လှမ်းခြင်းပြီးမှသာ တိုက်ခိုက်ရေးလုပ်ဆောင်ရန် စီစဉ်ညွှန်ကြား ထားခြင်းဖြစ်သည်။ ထို့ အပြင် ရာသီဥတုမကောင်းလျှင်သော်လည်းကောင်း၊ တိုက်ခိုက်ရေးပစ်မှတ်သည် စစ်အုပ်စု စစ်တပ်နှင့် နီးကပ်စွာတည်ရှိနေလျှင်သော်လည်းကောင်း စစ်ဆင်ရေးကို အထူးသတိထား လုပ်ဆောင်လေ့ရှိသည်။

Select target paragraph3