စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၇၅
စစ်ဆင်ရေးတွင် အသုံးပြုလျက်ရှိသည့် တိုက်ခိုက်ရေးယာဉ်သည် ဂျက်ဖိုက်တာဖြစ်ပါက ပျံသန်းချိန်
အကန့်အသတ်ရှိသဖြင့် ထပ်တိုးပစ်မှတ်ကို ဗုံးကြဲတိုက်ခိုက်ရန် အခက်အခဲရှိပြီး အခြား ကင်းထောက်
လေယာဉ် နှင့် ဗုံးကြဲလေယာဉ်များသည် ၂ နာရီမှ ၃ နာရီကြာသည်အထိ ပျံသန်းနိုင်သည့်အတွက်ထပ်တိုး
ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်နိုင်သည်။ သို့ ရာတွင် ဂျက်ဖိုက်တာကို မောင်းနှင်သည့် လေယာဉ်အုပ်မှူး၏
ကျွမ်းကျင်မှုအပေါ်မူတည်၍
ပစ်မှတ်ကို
တိုက်ခိုက်ပြီးချိန်တွင်
ကင်းထောက်ခြင်းလုပ်ငန်းစဉ်ကို
ဆောင်ရွက်နိုင်ပြီး ပုံမှန်အချိန်တွင် ပစ်မှတ်ကို တိုက်ခိုက်ပြီးသည်နှင့် လေတပ်စခန်းသို့ တိုက်ရိုက်ပျံသန်း
လေ့ရှိသည်။
၈.၃.၂။ စစ်ကစားခြင်း
ကက(လေ) သည် ကက(ကြည်း)၏ ဆက်သွယ်ချက်အရ မြေပြင်လိုအပ်ချက်အပေါ်မူတည်၍ စစ်ကူပေး
သည့် လေကြောင်းတိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်သည်။ မြေပြင်စစ်ကြောင်းများ တိုက်ပွဲအတွင်းမှ
ဆုတ်ခွါသည့် အခြေအနေတွင် လမ်းကြောင်းရှင်းလင်းစေရန်အတွက် အရပ်သားပြည်သူများရှိသည့် နေရာ
များကိုလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အရပ်သားပြည်သူများ
နေရပ်စွန့်ခွါကြရပြီး စစ်ရေးလိုအပ်ချက်ဖြစ်သည့် ဆက်သွယ်ရေးလမ်းကြောင်းကို ပိုမိုလွယ်ကူစေပြီး
လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၏ လိုအပ်ချက်နှင့် ရပ်တည်ရေးကိုလည်း ချိနဲ့သွားစေသည်။
ကစထမှူး၊ တိုင်းမှူး၊ တပ်မှူးများသည် စစ်ကစားရန် လိုအပ်သည်ဟု ယူဆပါက အရပ်သားပြည်သူများကို
ပစ်မှတ်ထားသည့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို လုပ်ဆောင်လေ့ရှိသည်။
ထို့ အပြင် နယ်မြေခံ အမြောက်ထိုင်စခန်းများ၊ တပ်များသည် တော်လှန်ရေးအင်အားစုများကို ခြောက်လှန့်
ရန် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိသည်။
နယ်မြေခံတပ်ရင်းများသည် တိုက်ပွဲမရှိသော်လည်း အရပ်
သားများကို ခြောက်လှန့် ပစ်ခတ်မှုများလည်း လုပ်ဆောင်
လေ့ရှိသည်။ လက်နက်ကိုင်တော်လှန်ရေးတပ်များ လှုပ်ရှား
မှုရှိသည်ဟုသံသယရှိသဖြင့်
ပစ်ခတ်ရခြင်းဖြစ်ကြောင်း
သတင်းပို့ပြီး အရပ်သားများရှိရာကို ရမ်းသမ်းပစ်ခတ်မှု
များ ပြုလုပ်ကြသည်။