စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ? စာ ၃ မြန်မာပြည်သူလူထုအပေါ် နှစ်ပေါင်းများစွာ လက်နက်အားကိုး ဖိနှိပ်ခဲ့သည့် စစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီး အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ပြည်သူ့အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းစသည့် လူမဆန်သည့် စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေ ဆဲဖြစ်သည်။ ရာဇဝတ်မှု ကျူးလွန်သူများအနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်မရစေရန် လုပ်ဆောင်ရာတွင် မှတ်တမ်းတင် စာရင်းပြုစုခြင်းသည် အရေးပါသည့် လုပ်ငန်းစဉ်တခုဖြစ်သည်။ မှတ်တမ်းတင်ရာတွင် စစ် ရာဇဝတ်မှုများကို မည်သူက ကျူးလွန်နေသည်၊ မည်သို့ အစီအမံချ၍ ကျူးလွန်နေသည်အစရှိသည့် ဗျူဟာနှင့် ယန္တရားများကို သိရှိရန် လိုအပ်သည့်အတွက် “စစ်ရာဇဝတ်မှု ဘယ်လိုကျူးလွန်နေကြလဲ” သုတေသနအစီရင်ခံစာတွဲကို ပြုစုတင်ပြသွားမည်ဖြစ်ပါသည်။ ယင်းသုတေသနအစီအရင်ခံစာတွဲ၏ ပထမဆုံး သုတေသနအစီအရင်ခံစာအဖြစ် “ဖက်ဆစ် စစ်အုပ်စုတပ် စစ်ဆင်ရေး ထက်အောက်အမိန့်ပေးစနစ် တည်ဆောက်ပုံ” ကို အထူးပြုလေ့လာသွားမည်ဖြစ်ပါသည်။ ဤ သုတေသနအစီအရင်ခံစာသည် စစ်အုပ်စုမှ နိုင်ငံနှင့်အဝှမ်း အကောင်ထည်ဖော်ဆောင်နေသည့် ဖိနှိပ်မှုစစ်ပွဲ များ၊ အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် စစ်ကြောင်းထိုး တိုက်ခိုက်မှုများနှင��့ လေကြောင်း စစ်ဆင်ရေးများတွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းဆောင်ရွက်မှုနှင့် အမိန့်ပေးယန္တရားကို အထူးပြုလေ့လာ ရန် ရည်ရွယ်ပါသည်။ ယခုအစီရင်ခံစာသည် စစ်ခေါင်းဆောင်၏ အာဏာစက်ဝန်းတည်ဆောက်ပုံနှင့် စစ် ယန္တရားတလုံး၏ ထက်အောက်အမိန့်ပေးမှုပုံစံကို သိရှိနားလည်နိုင်ရန်နှင့် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့ သော ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများတွင် ဦးဆောင်ညွှန်ကြားလျက်ရှိသည့် အာဏာဗဟိုချက်မ မှ ခေါင်းဆောင်များနှင့် ၎င်းတို့ ၏ လက်အောက်ခံ တပ်မှူးတပ်သားများကိုဖော်ထုတ်ရာတွင် ပဏာမ ခြေလှမ်းအဖြစ် စတင်ခြင်းဖြစ်ပါသည်။ အသွင်ကူးပြောင်းရေးကာလတွင် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို စနစ်တကျဖော်ဆောင်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် သုတေသန လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် မျှော်ရည်၍ အစီရင်ခံစာကို ရေးသားပြုစုခဲ့ပါသည်။

Select target paragraph3