ဉာဏ် လင်းသစ် သု တေသနအဖွဲ့
စာ ၅၄
၂၀၂၅ ခုနှစ်၊ ဧပြီ��တွင် တရုတ်နိုင်ငံသည် စစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုများအကြား ကြားဝင်
စေ့စပ်ညှိနှိုင်းခဲ့သည့်အတွက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်း ပေး
ခဲ့ရသည်။ MNDAA သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၈ လကျော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့ပြီး
တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်အုပ်စုသည် တိုင်းစစ်ဌာနချုပ်ကို တိုက်ယူရန်မလိုအပ်ဘဲ ပြန်လည်
ရရှိခဲ့သည်။ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ရရှိခဲ့သည့် စစ်အုပ်စုသည် ရှမ်း (မြောက်)
ဒေသကို ထိုးစစ်အရှိန်မြှင့်တင်ခဲ့သည်။ ထို့ ကြောင့် စစ်အုပ်စုသည် TNLA မှ သိမ်းပိုက်ထားသည့် ကျောက်မဲ
မြို့ကို ပြန်လည်ရရှိခဲ့သည်။ သို့ သော် စစ်အုပ်စုသည် အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသည့် တိုင်း
စစ်ဌာနချုပ်များနှင့် မြို့နယ်များကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိပါ။ နွေဦးတော်လှန်ရေးကာလတွင် တိုင်း
စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နှင့် စစ်ဆင်ရေးဌာနချုပ်များ ဆုံးရှုံးရသည်အထိ စစ်အုပ်စုသည်
စစ်ရေးရှုံးနိမ့်မှုများကို ကြုံတွေ့ခဲ့ရသည်။
စကခ -၁၆ သိန္ဒီ
ဒကစ -လောက်ကိုင်
စကခ -၁ ကျောက်မဲ
ရမခ -လားရှိုး
စကခ -၁၅ ဘူးသီးတောင်
စကခ -၉ ကျောက်တော်
နပခ -အမ်း
စကခ -၅ တောင်ကုတ်
စစ်ကောင်စီ လက်လွတ်ဆုံးရှုံးခဲ့ရသည့် စစ်ဌာနချုပ်များ
စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ပြန်လည် သိမ်းပိုက်ခဲ့သည့် စစ်ဌာနချုပ်များ
ပုံ ၄၁ - တော်လှန်ရေးအင်အားစုများ သိမ်းယူနိုင်ခဲ့သည့် စစ်ဌာနချုပ်များ