စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၅၃
၅.၆။ စစ်ဌာနချုပ်များ လက်လွှတ်ခဲ့ရမှုအခြေအနေ
၂၀၂၁ ခုနှစ်တွင် စစ်အုပ်စုသည် တရားမဝင်အာဏာရယူရန် ကြိုးပမ်းခဲ့သည့်အတွက် လက်နက်ကိုင်
တော်လှန်ရေးတပ်များ၏ ခုခံတွန်းလှန်တိုက်ပွဲများ နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာခဲ့သည်။ လက်နက်ကိုင်
တော်လှန်ရေး လှုပ်ရှားမှုသည် တစထက် တစပိုမိုအားကောင်းလာခဲ့ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ်
မဟာမိတ် တပ်မတော် (Myanmar National Democratic Alliance Army - MNDAA) သည် ၁၀၂၇
စစ်ဆင်ရေး ပထမပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လောက်ကိုင်ကို သိမ်းပိုက်ခဲ့သည်။ ထို့
အပြင် ၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်းတွင် MNDAA သည် စစ်အုပ်စု၏ လားရှိုးအခြေစိုက် အရှေ့
မြောက်တိုင်းစစ်ဌာနချုပ်ကို ထပ်မံ သိမ်းပိုက်ခဲ့သည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် ၂၀၂၁ ခုနှစ်
တွင် စတင်ခဲ့သည့် နွေဦးတော်လှန်ရေးကာလအတွင်း စစ်အုပ်စု ပထမဦးဆုံး လက်လွှတ်ခဲ့ရသည့် တိုင်း
စစ်ဌာနချုပ်ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် သိန္ဒီအခြေစိုက် စကခ-၁၆ ကိုလည်း MNDAA မှ
တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ အပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (Ta’ang National
Liberation Army - TNLA) သည် ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ - ၁) ကို
သိမ်းပိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်အုပ်စုသည် ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်ကို
လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ရှမ်း (မြောက်) ဒေသတွင် တိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့ ဆုံးရှုံးခဲ့ရသည့် စစ်အုပ်စုသည် ရခိုင်ဒေသတွင်လည်း အလားတူ ဆုံးရှုံးမှု
များ ကြုံတွေ့ခဲ့ရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဝင်ဖြစ်သည့် အာရက္ခတပ်တော် (Arakan
Army - AA) သည် ရခိုင်ဒေသတွင် စစ်အုပ်စုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ဌာနချုပ်များကို သိမ်းပိုက်
နိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျောက်တော်အခြေစိုက် စကခ ၉၊ ၂၀၂၄ ခုနှစ်၊ မေလတွင်
ဘူးသီးတောင်အခြေစိုက် စကခ ၁၅၊ နှင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် တောင်ကုတ်အခြေစိုက် စကခ ၅ တို့ ကို
တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဒီဇင်ဘာလတွင် အာရက္ခတပ်တော်သည် အမ်းမြို့အခြေစိုက် အနောက်ပိုင်း
တိုင်းစစ်ဌာနချုပ်ကို
သိမ်းပိုက်ခဲ့သည့်အတွက် နပခသည် စစ်အုပ်စုလက်လွှတ်လိုက်ရသည့် ဒုတိယ
မြောက် တိုင်းစစ်ဌာနချုပ်တခု ဖြစ်သည်။