စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၄၉
၅.၄။
ခြေမြန်တပ်မဌာနချုပ်များ ဖွဲ့စည်းမှုသမိုင်း
ခြေမြန်တပ်မဌာနချုပ်များသည် တိုင်းစစ်ဌာနချုပ်နယ်မြေများတွင် တည်ရှိပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း) မှ တိုက်ရိုက်ကွပ်ကဲသည်။ စစ်ဆင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ရာတွင် ကက (ကြည်း)၏
ကွပ်ကဲမှုဖြင့် ဒေသ အသီးသီးသို့ လွယ်ကူလျင်မြန်စွာ ရွေ့ပြောင်းလုပ်ဆောင်နိုင်ရန် ဖွဲ့စည်းထားသည်။
ခြေမြန်တပ်မတခုကို ခြေမြန်တပ်ရင်း ၁၀ ရင်းဖြင့် ဖွဲ့စည်း
ပြီး စစ်ဆင်ရေးနယ်မြေအလိုက် ရွှေ့ပြောင်းတိုက်ခိုက်သ
ည့် ပင်မတိုက်ခိုက်ရေး ခြေလျင်တပ်များ ဖြစ်ကြသည်။
ခြေမြန်တပ်မဌာနချုပ်များ၏ ဦး၊ ရေး၊ ထောက်၊ စစ်ဘက်
တရားစီရင်ရေးတို့ ကို တိုင်းစစ်ဌာနချုပ်များမှ ကွပ်ကဲပြီး
စစ်ဆင်ရေးကိစ္စရပ်များအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း)၊ စစ်ဆင် ရေးဌာနခွဲမှ တိုက်ရိုက်ကွပ်ကဲသည်။
၃၃
၁၀၁
၉၉
၅၅
အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်ကို ၁၉၆၆ ခုနှစ်၊ ဇွန်လ
၈၈
၆ ရက်နေ့တွင် မှော်ဘီမြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး
ဖွဲ့စည်းခဲ့သည့် ခြေမြန်တပ်မဌာနချုပ် ဖြစ်ပါသည်။ ၁၉၇၇
၆၆
ခုနှစ်၊ မေလ ၁ ရက်နေ့တွင် အမှတ် (၈၈) ခြေမြန်တပ်မ
၇၇ ၄၄
၁၁
ဌာနချုပ်ကို မကွေးမြို့နှင့် ၁၉၆၈ ခုနှစ်၊ မေလ ၂၀ ရက်နေ့
၂၂
တွင် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်ကို မိတ္ထီလာမြို့
တို့ တွင် ဆက်လက်ဖွဲ့စည်းခဲ့သည့် ဒုတိယနှင့် တတိယ
ခြေမြန်တပ်မဌာနချုပ်များဖြစ်သည်။ ထို့ နောက် ၁၉၇၆ ခု
နှစ်၊ သြဂုတ်လတွင် အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ်
ကို ပြည်မြို့၊ ၁၉၇၉ ခုနှစ်၊ မေလတွင် အမှတ် (၄၄)
ခြေမြန်တပ်မဌာနချုပ်ကို သထုံမြို့တွင် ဖွဲ့စည်းခဲ့သည်။
ပုံ ၃၈ - ခြေမြန်တပ်မဌာနချုပ်များ၏ တည်နေရာ