စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၄၇
၅.၃။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ ဖွဲ့စည်းမှုသမိုင်း
ထို့ အပြင် တိုင်းစစ်ဌာနချုပ်မှ ဝေးလံသည့်နေရာများကို ကွပ်ကဲရန် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကို
တိုင်းစစ်ဌာနချုပ်များ၏အောက်တွင် ဖွဲ့စည်းထားသည်။ ၁၉၉၂ ခုနှစ်တွင် စစ်ဆင်ရေးကွပ်ကဲမှုနှင့် အမိန့်
ပေးစနစ်လွယ်ကူစေရန်အတွက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၂ ခုကို မြိတ်နှင့် လွိုင်ကော်တွင် ဖွဲ့စည်းခဲ့
သည်။ ၁၉၉၆ ခုနှစ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၂ ခုကို တိုးချဲ့ဖွဲ့စည်းရာတွင် မြိတ်ရှိ ဒေသကွပ်ကဲမှု
ဌာနချုပ်အားဖျက်သိမ်းပြီး ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အဖြစ် ဖွဲ့စည်းခဲ့သည်။ ကလေး၊ ဗန်းမော်၊ မိုင်း
ဆတ်တို့ တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၃ ခုကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်
ကာလများတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၄ ခုကို မိုင်းဖြတ်၊ ပြည်၊ လောက်ကိုင��နှင့် စစ်တွေတို့ တွင် ဖွဲ့စည်း
ခဲ့ပြီး ဗန်းမော်တွင် ဖွဲ့စည်းထားသည့် ဌာနချုပ်ကို တနိုင်းသို့ ပြောင်းရွေ့ခဲ့သည်။
ပုံ ၃၆ - စစ်တွေ (ဒကစ)