စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၄၃
၅.၂.၁၃။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်
အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) သည် မွန်ဒေသရှိ မော်လမြိုင်မြို့တွင် အခြေစိုက်ပြီး ကရင်နှင့် မွန်
ဒေသတို့ ကို ကွပ်ကဲရသည်။ တိုင်းစစ်ဌာနချုပ်အောက်တွင် ခြေလျင်တပ်ရင်း ၁၀ ရင်းနှင့် ခြေမြန်တပ်ရင်း
၆ ရင်း၊ စုစုပေါင်း တပ်ရင်း ၁၆ ရင်းဖြ���့် ဖွဲ့စည်းထားသည်။ မွန်၊ ရေးမြို့အခြေစိုက် အမှတ် (၁၉)
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ကရင်၊ ကော့ကရိတ်မြို့အခြေစိုက် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှု
ဌာနချုပ်တို့ သည် ရတခ နယ်မြေအတွင်းတွင် တည်ရှိသည်။ ထို့ အပြင် မွန်၊ ကျိုက်ထိုမြို့တွင် ခြေမြန်တပ်မ
ဌာချုပ် (၄၄) နှင့် ကရင်၊ ဘားအံမြို့တွင် ခြေမြန်တပ်မဌာနချုပ် (၂၂) တို့ အခြေစိုက်သည့် စစ်တိုင်းတခုဖြစ်
ပါသည်။ လက်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ်ကျော်လင်းမောင်သည် စစ်ဦးစီး
တက္က သိုလ် ကျောင်းအုပ်ကြီးရာထူးမှ ပြောင်းရွေ့လာသူဖြစ်ပြီး စစ်တက္က သိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်း
ဖြစ်သည်။
ဗိုလ်မှူးချုပ်ကိုကိုမောင်
ဗိုလ်ချုပ်စိုးမင်း
ကြည်း - ၂၈၁၃၃
ကြည်း - ၂၉၄၃၀
DSA - ၃၈
DSA - ၃၉
မတ် ၂၀၂၀ - သြ ၂၀၂၂
ဧ ၂၀၂၃ - မတ် ၂၀၂၄
သြ ၂၀၂၂ - မတ် ၂၀၂၃
မတ် ၂၀၂၄ - လက်ရှိ
ဗိုလ်ချုပ်မြတ်သက်ဦး
ဗိုလ်ချုပ်ကျော်လင်းမောင်
ကြည်း - ၂၈၂၃၉
ကြည်း - ၂၇၂၀၀
DSA - ၃၈
DSA - ၃၇
ပုံ ၃၂ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့ကြသူများ