စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ? စာ ၁၃ ၅.၁.၄။ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၄) ကို ၂၀၀၂ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။ ကစထ - ၄ ၏ လက်အောက်ခံ တိုင်းစစ်ဌာနချုပ်များမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)နှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် (ကရခ) တို့ ဖြစ်သည်။ ကစထ - ၄ ၏ ကွပ်ကဲမှုအောက်တွင် ကရင်၊ မွန်နှင့် တနင်္သာရီ ဒေသတို့ ပါဝင်သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ကစထများ အပြောင်းအလဲတွင် ကစထ - ၄ ၏ ကွပ်ကဲ နယ်မြေများ ပြောင်းလဲမှုမရှိခဲ့ပါ။ ဒုဗိုလ်ချုပ်ကြီး အောင်စိုး ဒုဗိုလ်ချုပ်ကြီး ခင်လှိုင် ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ကြည်း - ၁၈၈၈၆ ကြည်း - ၂၂၃၈၃ ကြည်း - ၂၅၉၈၂ DSA - ၂၆ OTC - 17 DSA - ၃၆ မေ ၂၀၁၈ - အောက် ၂၀၂၂ အောက် ၂၀၂၂ - ဖေ ၂၀၂၃ ဧ ၂၀၂၃ - လက်ရှိ ပုံ ၄ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ကစထ - ၄ မှူးအဖြစ် ဆောင်ရွက်ခဲ့သူများ စစ်တပ်မှ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကထစ - ၄ မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးကို အနားပေးခဲ့ပြီး ၎င်း၏နေရာတွင် ကစထ - ၂ မှူး ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်ကို ခန့်အပ်ခဲ့သည်။ ကရင်နှင့် မွန်ဒေသများတွင် စစ်ရေးရှုံးနိမ့်မှုများ ကြောင့် ၄ လအကြာတွင် ခင်လှိုင်ကို ကစထ - ၄ မှူး တာဝန်မှ အနားပေးခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ညွှန့်ဝင်းဆွေကို ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ကာ ကစထ - ၄ မှူး အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ လက်ရှိ ကစထ - ၄ မှူး တာဝန်ယူထားသူ ညွှန့်ဝင်းဆွေ (ကြည်း ၂၅၉၈၂) သည် စစ်တက္က သိုလ် အပတ်စဉ် ၃၆ ကျောင်းဆင်းဖြစ်သည်။

Select target paragraph3