စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ? စာ ၁၁ ၅.၁.၂။ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ - ၂) ကို ၁၉၇၉ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။ ကစထ -၂ ၏ လက်အောက်ခံ တိုင်းစစ်ဌာနချုပ်များမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တို့ ဖြစ်သည်။ ကစထ-၂ ၏ ကွပ်ကဲမှုအောက်တွင် ရှမ်း (အရှေ့)၊ ရှမ်း (တောင်)၊ ရှမ်း (မြောက်) (မိုးမိတ်ခရိုင်မှ အပ) နှင့် ကရင်နီဒေသတို့ ပါဝင်သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ကစထများ အပြောင်းအလဲတွင် ကစထ - ၂ ၏ ကွပ်ကဲနယ်မြေများ ပြောင်းလဲမှုမရှိခဲ့ပါ။ စစ်တပ်မှ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးသည် အမှတ် (၂) ကစထမှူးအဖြစ် တာဝန်ယူလျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအထိ ဆောင်ရွက်ခဲ့ သည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင် အောင်ကို ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခဲ့ပြီး ကစထ - ၂ မှူးအဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြောင်းရွေ့ခံခဲ့ရသည်။ ထို့ နောက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးသည် ကထစ -၂ မှူး ဖြစ်လာခဲ့သည်။ ဒုဗိုလ်ချုပ်ကြီး အောင်ဇော်အေး ဒုဗိုလ်ချုပ်ကြီး အောင်အောင် ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဒုဗိုလ်ချုပ်ကြီး ဇော်မင်းလတ် ကြည်း - ၂၀၁၇၅ ကြည်း - ၂၅၉၆၀ ကြည်း - ၂၅၀၈၉ ကြည်း - ၂၇၁၈၃ DSA - ၂၈ DSA - ၃၆ DSA - ၃၅ DSA - ၃၇ ဖေ ၂၀၂၁ - အောက် ၂��၂၂ အောက် ၂၀၂၂ - ဇန် ၂၀၂၄ ဖေ ၂၀၂၄ - စက်တင်ဘာ ၂၀၂၅ စက် ၂၀၂၅ - လက်ရှိ ပုံ ၂ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ကစထ - ၂ မှူးအဖြစ် ဆောင်ရွက်ခဲ့သူများ ၂၀၂၅ ခုနှစ် စက်တင်ဘာလ စစ်ရာထူးများ အပြောင်းအရွေ့ပြုလုပ်ရာတွင် နိုင်နိုင်ဦးကို အရန်အင်အားသို့ ပြောင်းရွေ့ခဲ့ပြီး လစ်လပ်သွားသည့် ကထစ - ၂ မှူးနေရာကို ကစထ ၅ မှူးအဖြစ် ဆောင်ရွက်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဇော်မင်းလတ် ရောက်ရှိလာခဲ့သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာအထိ ကစထ ၂ မှူး အပြောင်းအလဲ ၃ ကြိမ်ရှိခဲ့ပြီး လက်ရှိ ကစထ - ၂ မှူး တာဝန်ယူထားသူမှာ ဒုတိယဗိုလ်ချုပ်ကြီး ဇော် မင်းလတ် (ကြည်း ၂၇၁၈၃) ဖြစ်ပြီး စစ်တက္က သိုလ် အပတ်စဉ်် ၃၇ ကျောင်းဆင်း ဖြစ်သည်။

Select target paragraph3