ဉာဏ် လင်းသစ် သု တေသနအဖွဲ့ စာ ၁၀ ၅.၁.၁။ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၁) ကို ၁၉၇၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကစထ - ၁ ၏ လက်အောက်ခံ တိုင်းစစ်ဌာနချုပ်များမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တို့ ဖြစ်ကြသည်။ သို့ သော် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ကစထ - ၁ လက်အောက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ကစထ - ၅ အောက်သို့ ပြောင်းရွှေ့လိုက်သည်။ ကစထ - ၁ တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) နှင့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) တို့ ဆက်လက်ကျန်ရှိသည်။ ထို့ ကြောင့် ကစထ - ၁ သည် ကချင်၊ ချင်း (ပလက်ဝခရိုင်မှအပ)၊ စစ်ကိုင်း၊ မကွေးရှိ ဂန့်ဂေါခရိုင်နှင့် ရှမ်း (မြောက်)ရှိ မိုးမိတ်ခရိုင်တို့ ကို ဆက်လက်ကွပ်ကဲလျက်ရှိသည်။ ဒုဗိုလ်ချုပ်ကြီး တေဇကျော် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဒုဗိုလ်ချုပ်ကြီး နီလင်းအောင် ကြည်း - ၂၀၂၇၈ ကြည်း - ၂၈၁၁၉ ကြည်း - ၂၇၁၆၀ OTS- 73 DSA - ၃၈ DSA - ၃၇ ဖေ ၂၀၂၁ - မေ ၂၀၂၃ သြ ၂၀၂၃ - စက် ၂၀၂၅ စက် ၂၀၂၅ - လက်ရှိ ပုံ ၁ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ကစထ - ၁ မှူးအဖြစ် ဆောင်ရွက်ခဲ့သူများ စစ်တပ်မှ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်သည် အမှတ် (၁) ကစထမှူးအဖြစ် တာဝန်ယူလျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ဗိုလ်ချုပ် ကိုကိုဦးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးမှ ဒုတိယဗိုလ်ချုပ် ကြီးအဖြစ် ရာထူးတိုးမြှင့်ခဲ့ပြီး ကစထ ၁ မှူးအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် စစ် ရာထူး အပြောင်းအလဲများပြုလုပ်ခဲ့ပြီး ကစထ - ၆ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ကစထ - ၁ မှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် စစ်တက္က သိုလ် အပတ်စဉ် ၃၇ ဆင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကစထ - ၁ မှူး ဖြစ်သည်။

Select target paragraph3