စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၇
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) များအဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးလှဌေး
ဝင်းမှလည်းကောင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်မှလည်းကောင်း တာဝန်
ယူခဲ့သည်။ ထို့ အပြင် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ၂၀၁၆ ခုနှစ်မှ စစ်အုပ်စု မတရားစစ်အာဏာသိမ်းသည့်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကို ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ
တာဝန်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးကျော်စွာလင်းအား ခန့်အပ်ခဲ��သည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များသည် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးကိုပါ ပူးတွဲ
တာဝန်ဆောင်ရသည်။ ၂၀၁၁ ခုနှစ်၊ မတ်လမှစ၍ လက်ရှိအချိန်ထိ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ တာဝန်ယူထားခြင်း
ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း (၂၀၁၅ ခုနှစ်၊ သြဂုတ်လမှ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ)၊ ဗိုလ်ချုပ်ကြီးမိုးအောင် (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်
နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ)၊ နှင့် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်
အထိ)တို့ အသီးသီး တာဝန်ယူခဲ့ကြသည်။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် (ရေ) မှာ ဗိုလ်ချုပ်ကြီးထိန်ဝင်း
ဖြစ်သည်။
စစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းမှု နောက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် တာဝန်ထမ်း
ဆောင်သူ ၂ ဦးသာ ရှိခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် တာဝန်ထမ်းဆောင်သူ ၂ ဦးမှာ
ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် (၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ) နှင့် ဗိုလ်ချုပ်
ကြီးထွန်းအောင် (၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်အထိ) တို့ ဖြစ်ကြသည်။