တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများအပေါ် တုံ့ပြန်မှုများကို လေ့လာဆန်းစစ်ခြင်း
(၃.၁) ဆန္ဒထုတ်ဖော်ရသည့် အကြောင်းအရင်းများ
ပြည်သူလူထုက ဆန္ဒထုတ်ဖော်ရသည့် အကြောင်းရင်းများလေ့လာရာတွင် အဓိကအကြောင်းရင်း (၅) ရပ်ကို
တွေ့ရသည်။ ၎င်းတို့မှာ
၁။ သယံဇာတတူးဖော်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လှုပ်ရှားမှုများ၊
၂။ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံမှုဆိုင်ရာ မကျေနပ်ချက်များ၊
၃။ တရားစီရင်ရေးနှင့် လူ့အခွင့်အရေး ချုးဖောက်
ိ
မှုများနှင့်
၄။ တပ်သားသစ် စုဆောင်းခြင်းနှင့် မတရားဖမ်းဆီးမှုများကို ကန့်ကွက်သည့် ထုတ်ဖော်မှုများ
၅။ တော်လှန်ရေးအဖွဲ့များကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတို့ ဖြစ်ကြသည်။
အဆိုပါ အဓိကအကြောင်းအရင်း (၅) ရပ်တွင် အုပ်ချုပ်ရေးနှင့် အခွန်အကောက် ကောက်ခံမှုဆိုင်ရာ မကျေနပ်
ချက်များကို ဆန္ဒထုတ်ဖော်သည့်အကြိမ်ရေမှာ အများဆုံး ဖြစ်ပြီး ၁၅-ကြိမ်ထိ ရှိသည်ကို တွေ့ရသည်။ ၎င်းက ပြည်သူ
လူထု၏ နေ့စဉ်ဘဝနှင့် တိုက်ရိုက်သက်ဆိုင်သည့် အုပ်ချုပ်ရေးဆိ���င်ရာ လုပ်ထုံးလုပ်နည်းများနှင့် အခွန်ကောက်ခံမှုများ
သည် မကျေနပ်မှုများကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည့် အချက်များဖြစ်ကြောင်း ဖော်ပြနေသည်။
သယံဇာတတူးဖော်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများက ဒုတိယ အများဆုံးနေရာတွင် ရှိနေပြီး
၁၃-ကြိမ် ရှိသည်ကို တွေ့ရသည်။ ယင်းသည် သယံဇာတအသုံးချမှုများ၏ သက်ရောက်မှုများကို ယခုလက်ရှိ ကာလ
တွင်သာမက နောင်အနာဂတ်အထိ ထိခိုက်မှုများ ကြုံတွေ့လာနိုင်သည့် အခြေအနေများကို ပြည်သူလူထုက နားလည်
ထားသည်။ ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိနိုးကြားမှုနှင့် စိုးရိမ်ပူပန်မှုများ တိုးလာနေခြင်းသာ
မက ဒေသခံပြည်သူများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိနားလည်မှုလည်း မြင့်မားလာသည်ကို ထင်ထင်ရှားရှား
သိမြင်နိုင်သည်။
စာမျက်နှာ- ၇