တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများအပေါ် တုံ့ပြန်မှုများကို လေ့လာဆန်းစစ်ခြင်း
(၂) သုတေသနနည်းနာနှင့် စိန်ခေါ်ချက်များ
ဤသုတေသနစာတမ်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ငါးနှစ်တာကာလ
အတွင်း တော်လှန်ရေးအင်အားစုများအားဦးတည်၍ ပေါ်ပေါက်ခဲ့သော အကြမ်းမဖက်လူထုလှုပ်ရှားမှုများကို အဓိက
ထား ဆန်းစစ်ထားခြင်း ဖြစ်သည်။ သုတေသနနည်းနာအရ ဖြစ်စဉ်အချက်အလက်များကို အရေအတွက်ဖြင့် တိုင်းတာ
သည့် အရေအတွက်ပြဆန်းစစ်ချက် (Quantitative Analysis)နှင့် ဆန္ဒပြရခြင်း၏ နောက်ခံအကြောင်းရင်းများကို
ဖော်ထုတ်သည့် အရည်အသွေး စံပြဆန်းစစ်ချက် (Qualitative Analysis) နည်းလမ်းနှစ်မျုးကိ
ိ ု ပေါင်းစပ် အသုံးပြု
ထားသည်။
အချက်အလက်များကို လွတ်လပ်၍ အမှီအခိုကင်းသော ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ၏ ဖော်ပြချက်
များ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ မှတ်တမ်းများနှင့် အသံ (Athan) အဖွဲ့မှ သုတေသီများ၏ တိုက်ရိုက်စောင့်ကြည့်
လေ့လာမှုများမှတစ်ဆင့် စနစ်တကျ ရယူစုဆောင်းခဲ့သည်။ ထိုသို့ ဆန်းစစ်ရာတွင် ဆန္ဒထုတ်ဖော်မှု အကြိမ်အရေ
အတွက်၊ တည်နေရာနှင့် အကြောင်းရင်းများသာမက တော်လှန်ရေးအဖွဲ့အစည်းများ၏ တုံ့ပြန်မှုပုံစံများ၊ ဖမ်းဆီး
ထိန်းသိမ်းခံရမှုအခြေအနေနှင့် တာဝန်ရှိသည့် အဖွဲ့အစည်းများကိုပါ ကဏ္ဍအလိုက် ခွဲခြားတင်ပြထားသည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ လက်ရှ�� မြေပြင်လုံခြုံရေး အခြေအနေနှင့် အချု့ဒေသများတွ
ိ
င် ကြုံတွေ့နေရသော
ဆက်သွယ်ရေးနှင့် အင်တာနက်ဖြတ်တောက်မှုများကြောင့် မြေပြင်၌ဖြစ်ပွားခဲ့သော ဖြစ်စဉ်အားလုံးကို အပြည့်အစုံ
မှတ်တမ်းတင်နိုင်ရန် အကန့်အသတ်များ ရှိခဲ့ပါသည်။ အထူးသဖြင့် သတင်းမီဒီယာများတွင် ဖော်ပြခြင်းမခံရသည့်
အချု့သော လူ
ိ
ထုလှုပ်ရှားမှုများ ကျန်ရှိနေနိုင်ပါသည်။ ထို့ကြောင့် ဤစာတမ်းပါ အချက်အလက်များသည် အသံအဖွဲ့မှ
အတည်ပြုနိုင်သမျှသော ဖြစ်စဉ်များကိုသာ အခြေခံထားခြင်းဖြစ်ပြီး မြေပြင်၌ အမှန်တကယ်ဖြစ်ပွားမှု အရေအတွက်
သည် လက်ရှိဖော်ပြပါ ကိန်းဂဏန်းများထက် ပိုမိုများပြားနိုင်ပါသည်။
စာမျက်နှာ- ၄