တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများအပေါ် တုံ့ပြန်မှုများကို လေ့လာဆန်းစစ်ခြင်း သို့ရာတွင် စိုးမိုးနယ်မြေများရရှိလာပြီး အုပ်ချုပ်ရေးအခန်းကဏ္ဍကို စတင်ထမ်းဆောင်လာရသည့်အခါ နယ်မြေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားများကိုလည်း လက်တွေ့ တည်ဆောက်လာကြရသည်။ ထိုကဲ့သို့ အုပ်ချုပ်ရေးယန္တရား များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အုပ်ချုပ်ခံပြည်သူလူထု၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန် နှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို အာမခံနိုင်ရန် လိုအပ်ချက်များလည်း ရှိလာခဲ့သည်။ သို့��ော် လက်တွေ့အခြေအနေတွင် ထိုလိုအပ်ချက်များသည် အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိ သေးသည်ကို တွေ့ရသည်။ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်မှုများအရ စိုးမိုးနယ်မြေ (ထိန်းချုပ် နယ်မြေ) များအတွင်း ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်များအပေါ် ကန့်သတ်မှုများနှင့် ဖမ်းဆီးမှုဖြစ်စဉ်များကို တွေ့နေရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေး ချုးဖောက် ိ မှုများနှင့် အကြမ်းဖက်မှုများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ခဲ့ကြသော်လည်း တော်လှန်ရေးမှ ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးကန့်သတ်မှုများ၊ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်များအပေါ် ကန့်သတ်မှုများကို စနစ်တကျ စုစည်းလေ့လာထားမှုမှာ အကန့်အသတ်ဖြင့်သာ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဤသုတေသနသည် လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် ဖြစ်စဉ်အချက်အလက်များအပေါ် အခြေခံသော ပထမ ဆုံး ဆန်းစစ်လေ့လာမှု ဖြစ်လာစေရန် ရည်ရွယ်သည်။ လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ကို ရည်မှန်းရာတွင် စစ်အာဏာရှင်ကို တော်လှန်ရုံသာမက တော်လှန်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေး ကန့်သတ်မှု များနှင့် ၎င်းတို့၏ပုံစံများ၊ အကြောင်းရင်းများနှင့် သက်ရောက်မှုများအပေါ် အလေးထား လေ့လာမှုများ ပြုလုပ်ရန် လိုအပ်သည်။ သို့ဖြစ်ပါ၍ ဤသုတေသနစာတမ်းသည် တော်လှန်ရေးအင်အားစုများစိုးမိုးရာ ဒေသများအတွင်း ပြည်သူ လူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်များအပေါ် ကျင့်သုံးလျက်ရှိသည့် ကန့်သတ်ချက်များကို စနစ် တကျလေ့လာရန် ရည်ရွယ်ပါသည်။ ထို့အပြင် ကန့်သတ်မှုပုံစံများ၊ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းခံများနှင့် သက်ရောက်မှုများကို ဆန်းစစ်ချက်များမှတစ်ဆင့် ဖော်ထုတ်သွားမည် ဖြစ်သည်။ ဤသုတေသနမှ ထွက်ပေါ်လာသည့် အချက်အလက်နှင့် တွေ့ရှိချက်များသည် တော်လှန်ရေးအဖွဲ့အစည်းများ၏ အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒများကို ပြုပြင် ပြောင်းလဲရန်နှင့် ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာစေရန်အတွက် အထောက်အကူပြုနိုင်မည် ဖြစ်သည်။ စာမျက်နှာ- ၃

Select target paragraph3