တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများအပေါ် တုံ့ပြန်မှုများကို လေ့လာဆန်းစစ်ခြင်း (၁) နိဒါန်းနှင့် နောက်ခံအကြောင်းအရာ မြန်မာစစ်တပ်သည် လူ့ရပိုင်ခွင့်(ဝါ) လူ့အခွင့်အရေး၏ အခြေခံအကျဆုံးဖြစ်သည့် လွတ်လပ်စွာ ထင်မြင်ယူဆ ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်တို့ကို ကဏ္ဍပေါင်းစုံမှ နည်းလမ်းမျုးစု ိ ံဖြင့် ဖိနှိပ်၊ ကန့်သတ်လာခဲ့သည်မှာ ခေတ်အဆက် ဆက် ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြမ်း မဖက် လူထုလှုပ်ရှားမှုများကိုလည်း အကြမ်းဖက် ဖြိုခွင်းခြင်းဖြင့်သာ တုံ့ပြန်ခဲ့သည်။ စစ်အာဏာသိမ်းမှုက လ ို က်မခံသည် လ ့ ထ ူ ၏ ု အကြမ်းမဖက်လပ ှု ရ ် ှားမှုများကိ လ ု က်နက်ဖြင် ပ ့ စ်ခတ်ဖြိုခွင်းခြင်း၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးထောင်ချခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ပြုလုပ်ခဲ့ရာ နွေဦးတော်လှန်ရေး၏ အခင်း အကျင်းသည် အကြမ်းမဖက်လှုပ်ရှား���ှုများမှ လက်နက်ကိုင်တော်လှန်ရေးအဖြစ်သို့ မလွဲမရှောင်သာ ကူးပြောင်းလာခဲ့ ရသည်။ တော်လှန်ရေးအခင်းအကျင်း ပြောင်းလဲမှုနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs) များနှင့် ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့များ (LPDFs) နိုင်ငံအနှံ့တွင် ပေါ်ထွက်လာခဲ့သည်။ နွေဦးတော်လှန်ရေးကာလ ၅ နှစ်အတွင်း စစ်အာဏာရှင်ကို နှစ်ပေါင်းများစွာ ဆန့်ကျင်တော်လှန်လာသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ (EROs) နှင့် ၂၀၂၁ ခုနစ ှ နေ ် ာက်ပင ို ်းတွင ပ ် ေါ်ထွကလ ် ာသော တော်လန ှ ရေ ် းအင်အားစုများသည် နယ်မြေတချု့ကိ ိ ု ထိန်းချုပ် လာနိုင်ခဲ့ပြီး လက်ရှိတွင် စုစုပေါင်း မြို့နယ် (၉၀) ခန့်ကို ထိန်းချုပ်ထားသည်။ 1 တော်လှန်ရေးကို ဦးဆောင်နေသော အဖွဲ့အစည်းများသည် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေး ချုးဖောက် ိ မှုများနှင့် ဖိနှိပ်မှုများကို ခုခံတွန်းလှန်ကာ လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု တည်ထောင်ရန် ရည်မှန်းထားကြသည်။ 2 1 တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၉၀ မြို့၊ Burma News International (၂၀၂၆၊ မတ်လ) 2 ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် စာမျက်နှာ- ၂

Select target paragraph3