တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများအပေါ် တုံ့ပြန်မှုများကို လေ့လာဆန်းစစ်ခြင်း
အသံ - လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့၏ နောက်ခံသမိုင်းအကျဉ်း
အသံ - လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ကို လူ့အဖွဲ့အစည်းတခုလုံးတွင် လွတ်လပ်စွာ ထုတ်
ဖော်ပြောဆိုခွင့် ရရှိရေးအတွက်ရည်ရွယ်၍ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လူငယ်များမှစုစည်းကာ ဖွဲ့စည်း
တည်ထောင်ခဲ့သည်။ Research Team For Telecommunications Law နှင့် We Support Journalists အဖွဲ့တို့ကို
ပေါင်းစည်းကာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိုမိုစနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ရန် အသံအဖွဲ့ကို
တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အသံသည် အဓိကဦးတည်ချက် (၃) ချက်ဖြစ်သည့် သုတေသန၊ စည်းရုံးရေးနှင့် ပညာပေးခြင်းတို့မှတဆင့်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ပေးသည့် သုတေသနအခြေပြု တက်ကြွလှုပ်ရှားသော အဖွဲ့အစည်း
ဖြစ်သည်။ သုတေသနကို အခြေခံထားသော အဖွဲ့အစည်းဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတား
ဖြစ်သည့်ဥပဒေများ၊ ဓလေ့ထုံးတမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဖြစ်စဉ်ဖြစ်ရပ်များကိ�� စဉ်ဆက်မပြတ် လေ့လာ
ဖော်ထုတ် မှတ်တမ်းတင်ခြင်း၊ အဖွဲ့၏ သုတေသနတွေ့ရှိချက်များအပေါ် အခြေခံ၍ ဒီမိုကရေစီစံနှုန်းများနှင့်
ကိုက်ညီသည့် ဥပဒေဆိုင်ရာ
ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာစေရေးဆောင်ရွက်ခြင်း၊ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့် အပြည့်အ၀ရရှိစေရန် သက်ဆိုင်ရာအဆင့်အလိုက်၊ ကဏ္ဍအလိုက် စည်းရုံးလှုံ့ဆော်ဆွေးနွေးမှုများ
ဆောင်ရွက်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။ အသံအဖွဲ့နှင့် တည်ထောင်သူ မောင်ဆောင်းခသည်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် နယ်သာလန်နိုင်ငံမှ ပေးအပ်သော Human Rights Tulip Award ကို ရရှိခဲ့သည်။
အသံအဖွဲ့၏ မျှော်မှန်းချက်မှာ ဒီမိုကရေစီစံနှုန်းတခုဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အဝရရှိ
သော လူ့အဖွဲ့အစည်းဖြစ်လာရန် ရည်သန်သည်။
စာမျက်နှာ- ၁