တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများအပေါ် တုံ့ပြန်မှုများကို လေ့လာဆန်းစစ်ခြင်း (၅) အကြံပြုချက်များ သုတေသန၏ တွေ့ရှိချက်များအပေါ် အခြေခံ၍ တော်လှန်ရေး၏ အောင်မြင်မှုနှင့် အနာဂတ် ဖက်ဒရယ်ဒီမို ကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အောက်ပါအချက်များကို အကြံပြုအပ်ပါသည်။ ● တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု၏ အကြမ်းမဖက် လှုပ်ရှားမှုများကို မိမိတို့အား ဆန့်ကျင်နေသည်ဟု သဘောမထားဘဲ ညှိနှိုင်းကာ အပြုသဘောဆောင်သော နည်းလမ်းများဖြင့်ကိုင်တွယ်ဖြေရှင်းသင့်သည်။ ● အကြမ်းဖက် ဖြိုခွင်းခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းထက် လူထုကိုယ်တိုင်က တရားမျှတမှု ရှိသည်ဟုယုံကြည်လက်ခံလာစေမည့် မှန်ကန်တိကျသော နည်းစနစ်များကို ဖော်ဆောင်ရန်။ ● ပြင်းထန်လာသော လက်နက်ကိုင်ပဋိပက္ခများကြားတွင် အကြမ်းမဖက် လှုပ်ရှားမှုနှင့် သက်ဆိုင် သော ယဉ်ကျေးမှုနှင့် အခန်းကဏ္ဍများ ကွယ်ပျောက်မသွားစေရန် တော်လှန်ရေး အင်အားစု များက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရမည်။ ● သယံဇာတစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အငြင်းပွားမှုများတွင် လက်နက်အင်အားကို အသု��းမပြုဘဲပြည်သူ့အသံကို နားထောင်သည့် ပွင့်လင်းမြင်သာသော ညှိနှိုင်းဆွေးနွေးမှုများကို ဖော်ဆောင်သင့်သည်။ ● တော်လှန်ရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအင်အားကို ဆက်လက်ထိန်းထားနိုင်ရန် ပြည်သူ့ဆန္ဒကို အလေးအနက် လေးစားလိုက်နာပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကို တော်လှန်ရေးအဖွဲ့အစည်းများကိုယ်တိုင် စံပြအဖြစ် လိုက်နာကျင့်သုံးရန် လိုအပ်သည်။ စာမျက်နှာ- ၁၆

Select target paragraph3