တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများအပေါ် တုံ့ပြန်မှုများကို လေ့လာဆန်းစစ်ခြင်း
အလားတူပင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်အတွင်း ရွှေတူးဖော်မှုအပေါ်
ကန့်ကွက်ဆန္ဒပြခဲ့ကြသော ဒေသခံ - ၃၆ ဦးကိုလည်း မြန်မာအမျုးသား
ိ
ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က
(MNDAA) သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါ ဖမ်းဆီးခံရသူများအနက် အချု့မှ
ိ ာ ပြန်လည်
လွတ်မြောက်လာသော်လည်း ၉ - ဦးမှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းအထိ ဆက်လက်ထိန်းသိမ်းခံထားရဆဲ
ဖြစ်ကာ အချု့မှ
ိ ာရိုက်နှက်၊ နှိပ်စက်ခြင်းကိုပင် ခံခဲ့ရသည်။ 5
ထို့အပြင် စိုးမိုးနယ်မြေ (ထိန်းချုပ်နယ်မြေ)များအတွင်း ပြည်သူလူထု၏ အုပ်ချုပ်ရေးနှင့် လူမှုရေးဆိုင်ရာ တရား
မျှတမှု တောင်းဆိုချက်များအပေါ် တုံ့ပြန်ရာ၌လည်း ညှိနှိုင်းဆွေးနွေးမှုထက် အရေးယူဖြိုခွင်းမှုများကို လုပ်ဆောင်ခဲ့
သည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ်၊ မေလ (၁၈) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ရက္ခိုင့်တပ်တော်
(AA) ၏ စစ်မှုထမ်းဥပဒေကိုမကျေနပ်၍ ဆန္ဒပြခဲ့သော ဒေသခံ ၅၀ ခန့်ကို (AA) က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 6
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌လည်း အကောက်ခွန်ဂိတ်ကောက်ခံ
မှုနှင့်ပတ်သက်၍ ဆန္ဒပြသူများနှင့် အမျုးသားညီ
ိ
ညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်���ူ့ကာကွယ်ရေး
တပ်ဖွဲ့ (PDF) အဖွဲ့ဝင်များအကြား အငြင်းပွားမှုဖြစ်ပွားရာမှတစ်ဆင့် အပြန်အလှန် ရိက
ု န
် က
ှ ပ
် စ်ခတ်မမ
ှု ျားအထိ ကျူးလွန်
ခဲ့ကြသဖြင့် နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။ 7
ဤသို့သော ဖြစ်စဉ်များသည် စိုးမိုးနယ်မြေများ (ထိန်းချုပ်နယ်မြေ)ရှိ သယံဇာတူးဖော်မှုနှင့် စီမံခန့်ခွဲမှုတို့တွင်
ပြည်သူလူထု၏အသံကို ဂရုတစိုက် နားထောင်ခြင်းထက် အာဏာနှင့် လက်နက်အင်အားကိုအသုံးပြု၍ ဖြေရှင်းနေသည်
ကို သက်သေပြနေသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် ၎င်းတို့ ထိန်းချုပ်စိုးမိုးရာဒေသတွင် အုပ်ချုပ်ရေးပိုင်း
ဆိုင်ရာလွဲမှားမှုများနှင့် အခွန်ကောက်ခံမှုဆိုင်ရာ အငြင်းပွားမှုများကို အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် ညှိနှိုင်း
ဖြေရှင်းရန် ပျက်ကွက်ကာ ပြည်သူလူထုကို ဖိနှိပ်နေသည့် ပုံရိပ်ကို ပေါ်လွင်စေသည်။
၂၀၂၁ ခုနှစ် မှ ၂၀၂၆ ခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တချု့၏ ဖြိ
ိ
ုခွင်းမှုများကြောင့် ထိခိုက်၊ ဖမ်းဆီးခံရသူ
စုစုပေါင်း - ၁၅၇ ဦး ရှိခဲ့သည်။
5 မြေသိမ်းရွှေတူးမည့်လုပ်ငန်း ကန့်ကွက်သည့် ရွာသား ၉ ဦးကို MNDAA ဖမ်းဆီးထား၊ ကျော်ဇင်ဝင်း၊
Myanmar Now (၂၀၂၆၊ ဖေဖော်ဝါရီလ၊ ၄ ရက်နေ့)
6 တောင်ကုတ်တွင် စစ်မှုထမ်းဥပဒေကို ဆန္ဒပြသည့် ဒေသခံ ၅၀ ခန့်ကို AA ဖမ်းဆီး၊
Ayeyarwaddy Times (၂၀၂၅၊ မေလ၊ ၂၅ ရက်နေ့)
7 ထန်းကြီးရွာအခွန်ကောက်ဂိတ် ဆန္ဒပြခံရမှု ရွာပကဖ၊ဒေသခံနဲ့ PDF တွေကြား ဘာတွေဖြစ်ခဲ့လဲ၊ မြတ်၊ ကျော်စွာ၊
Myaelatt Athan (၂၀၂၅၊ စက်တင်ဘာလ၊ ၁၄ ရက်နေ့)
စာမျက်နှာ- ၁၁