တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများအပေါ် တုံ့ပြန်မှုများကို လေ့လာဆန်းစစ်ခြင်း (၃.၂) ဆန္ဒထုတ်ဖော်မှုများအပေါ် တုံ့ပြန်မှုများ ပြည်သူလူထု၏ အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုများသည် တော်လှန်ရေးအဖွဲ့အစည်းများ၏ အုပ်ချုပ်ရေးနှင့် မူဝါဒပိုင်းဆိုင်ရာ လိုအပ်ချက်များကို ထောက်ပြသည့် အရေးပါသော အရပ်ဘက်လှုပ်ရှားမှုများ ဖြစ်ကြသည်။ သို့ရာတွင် အဆိုပါ လှုပ်ရှားမှုများအပေါ် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများ၏ တုံ့ပြန်ပုံနည်းလမ်းများသည် ဒေသတစ်ခုနှင့် တစ်ခု၊ အဖွဲ့အစည်း တခုနှင့်တခုအပေါ်မူတည်၍ ကွဲပြားခြားနားသည်ကို တွေ့ရှိရသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ငါးနှစ်တာ ကာလအတွင်း တော်လှန်ရေးအဖွဲ့များကို ဦးတည်သည့် လူထုလှုပ်ရှားမှု စုစုပေါင်း - ၄၉ ကြိမ်ရှိသည့်အနက် ၁၀ ကြိမ် (၂၀ ရာခိုင်နှုန်းခန့်) သည် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် တော်လှန် ရေးအဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းခြင်း ခံခဲ့ရသည်။ အကြမ်းဖက်ဖြိုခွင်းသည်ဟု ဆိုရာတွင် သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရိုက်နှက် ဖြိုခွင်းခြင်းတို့ ပါဝင်သည်။ ကျန် - ၃၉ ကြိမ် (၈၀ ရာခိုင်နှုန်းခန့်) မှာမူ သက်ဆိုင်ရာအဖွဲ့အစည်း များမှ တစုံတရာ တုံ့ပြန်သည်ဟု ယူဆနိုင်သည့် သတင်းအချက်အလက်များ မတွေ့ရှိရသဖြင့် ထိုလူထုလှုပ်ရှားမှုများ အား တုံ့ပြန်ခြင်းမရှိဟု သုံးသပ်ယူဆနိုင်သည်။ (ပုံ-၃) စိုးမိုးနယ်မြေများ (ထိန်းချုပ်နယ်မြေ)တွင် တော်လှန်ရေးတပ်ဖွဲ့များကို ဖော်ဆောင်သည့် အကြမ်းမဖက် လူထုဆန္ဒထုတ်ဖော်မှုများအပေါ် သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏ မတူညီသော တုံ့ပြန်မှုပုံစံ/ အခြေအနေပြဇယား ဖမ်းဆီးခြင်း ရိုက်နှက်ခြင်း သေနတ်ဖြင့်ပစ်ခတ်ခြင်း အ���ြမ်းဖက်ဖြိုခွင်း မရှိ စာမျက်နှာ- ၉

Select target paragraph3