၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၁.၂။ အတုအယောင် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ၏ သဘောထားအမြင် နိုင်ငံတကာအသိုင်းအဝိုင်းက ဤရွေးကောက်ပွဲကို စစ်ကောင်စီက စီစဉ်ကျင်းပသော အတုအ ယောင် ရွေးကောက်ပွဲ (sham election) တရပ်အဖြစ် တရားဝင်မှုမရှိသော၊ လှည့်ဖြားမှုပါဝင်သော ရွေးကောက်ပွဲဟု ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချထားသည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဤရွေးကောက်ပွဲကို ဖိအားနှင့် အကြမ်းဖက်မှုများအောက်တွင် ပြုလုပ်သည့် လုပ်ဇာတ်ရွေးကောက်ပွဲဟု ဖော်ပြကာ ရလဒ်များကို လက်မခံသင့်ကြောင်း တိုက်တွန်းထားသည်။ 9 ထို့ အပြင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဉရောပသမဂ္ဂနှင့် သြစတြေးလျတို့ကလည်း ရွေးကောက်ပွဲ တွင် အမျုးသားဒီ ိ မိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံပါတီများ ဖယ်ရှားခံထားရခြင်းနှင့် ဖိနှိပ်မှု များ ပြင်းထန်နေသည့် နိုင်ငံရေး အခြေအနေများကြောင့် ဤရွေးကောက်ပွဲကို လွတ်လပ်မှု၊ မျှတမှုနှင့် တရားဝင်မှုကင်းမဲ့သော လုပ်ငန်းစဉ်အဖြစ် ဝေဖန်ရှုံ့ချခဲ့သည်။ 10 အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) က စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ခြင်းနှင့် လူထုပါဝင်ခွင့်ရှိသည့် ကျယ်ပြန့်သော နိုင်ငံရေးဆွေးနွေးမှုများ မရှိသရွေ့ ရွေးကောက်ပွဲများကို မထောက်ခံနိုင်ကြောင်း ထောက်ပြထားသည်။ လူ့��ခွင့်အရေး အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများကလည်း ဤရွေးကောက်ပွဲသည် ဒီမိုကရေ စီပုံစံကို ဖန်တီးပြသရန် ရည်ရွယ်သည့် လှည့်ဖြားမှုတရပ်သာဖြစ်ကြောင်း ထောက်ပြကြသည်။ 11 ၎င်း အပြင် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အခြား လေ့လာစောင့် ကြည့်သူ အဖွဲ့အစည်းများက စစ်တပ်၏ အကြမ်းဖက်မှု၊ ဖမ်းဆီးမှုများနှင့် လူထု၏ လွတ်လပ်ခွင့် မရရှိ ခြင်းအပေါ် စိုးရိမ်မှုများ ထုတ်ဖော်ခဲ့ကြသည်။ 12 သို့ဖြစ်ရာ အာဏာသိမ်းစစ်တပ်၏ ဟန်ပြရွေးကောက်ပွဲ သည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တရားဝင်အသိအမှတ်ပြုမှုကို မရရှိခဲ့ရုံမျှမက၊ စစ်အာဏာရှင်စနစ် ရေရှည် တည်မြဲရေးကိုသာ ဦးတည်နေသည့် အန္တရာယ်ရှိသော လုပ်ရပ်တခုဖြစ်ကြောင်း ကျယ်ပြန့်စွာ ရှု့မြင်ခံရသည်။ 9 Associated Press. (2026, January 11). Myanmar holds second round of voting in country’s first general election since military takeover. PBS News 10 Council on Foreign Relations. (2026, January 9). Myanmar’s junta-led election is neither free nor fair. 11 ASEAN Foreign Ministers. (2025, October 27). Statement on Myanmar and implementation of the Five-Point Consensus. 12 Office of the United Nations High Commissioner for Human Rights. (2026, March 4). Situation of human rights in Myanmar: Advance unedited version. United Nations Human Rights Council. ၆

Select target paragraph3