၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း
၁.၁။ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ
အာဏာသိမ်းစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း ပြည်သူလူထု၏ လွတ်
လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ ပြင်းထန်စွာ ချုးဖောက်
ိ
ခံခဲ့ရသည်ကို တွေ့ရှိရသည်။ စစ်တပ်သည်
၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲကို အကာအကွယ်ပေးရန်အတွက် လူထု၏အသံကို နည်းလမ်း
မျုးစု
ိ ံဖြင့် ပိတ်ဆို့ခဲ့သည်။ တက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြခေါင်းဆောင်များ၊ ကျောင်းသားများ၊ အနုပညာ
ရှင်များသာမက အရပ်သားပြည်သူများပါ လူမှုကွန်ယက်တွင် ထင်မြင်ယူဆချက်များကို ဖော်ပြခြင်းနှင့်
မှတ်ချက်ပေးခြင်းတို့ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထို့အပြင် အတုအယောင် ရွေးကောက်ပွဲကို
ဆန့်ကျင်သည့် လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ဆန့်ကျင် ပြောဆိုခြင်းကဲ့သို့သော ငြိမ်းချမ်းစွာ ဖော်
ပြသည့် ဆန္ဒထုတ်ဖော်မှုများအတွက်ပင် ပြင်းထန်သော ပြစ်ဒဏ်များချမှတ်ခဲ့သည်ကို တွေ့ရှိရသည်။
ဖမ်းဆီးခံရသူများမှ အချု့မှ
ိ ာ နေ့စဉ်ပုံမှန်အပြုအမူများဖြစ်သည့် လူမှုကွန်ယက် ဖော်ပြချက်များ
ကို တုံ့ပြန်မှု (reaction) ပေးခြင်း၊ စနောက်သည့်ဖော်ပြချက် (post) များ တင်ခြင်းတို့ကြောင့် ဆယ်စု
နှစ်များစွာအထိ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရသည်။ ဤမတရားဖမ်းဆီးမှုများသည် ရွေးကောက်ပွဲကို
ကာကွယ်ရန် အဓိကရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ နိုင်ငံရေး သဘောထားကွဲလွဲမှုကို နှုတ်ဆိတ်စေရန်နှင့်
လူထု၏ နိုင်ငံရေးနှင့် စစ်တပ်အပေါ် ထင်မြင်ယူဆချက်ကို ထိန်းချုပ်ရန် ဉပဒေကို အသုံးပြုခဲ့ကြောင်း
ပြသနေသည်။ ပြည်သူလူထုဘက်မှ ကြည့်မည်ဆိုပါက ဖိအားပေးခံရခြင်း သို့မဟုတ် ခြိမ်းခြောက���ခံရ
ခြင်းများကြောင့် မိမိတို့၏ နိုင်ငံရေး အမြင်များကို ဖော်ပြခြင်းသည် အန္တရာယ်ရှိသည်ဟူသည့် အတွေး
အမြင် ဖြစ်ပေါ်လာသည့် အခြေအနေကို ဖန်တီးထားသည်။ စစ်တပ်၏ စနစ်တကျ ဖိနှိပ်မှုများကြောင့်
ရွေးကောက်ပွဲအပေါ် လူထု၏ထင်မြင် ယူဆချက်များကို လွတ်လပ်စွာမျှဝေခွင့်၊ ဝေဖန်ခွင့်များ မရတော့
ဘဲ ကျင်းပခဲ့သည့် အချက်များက အတုအယောင် ရွေးကောက်ပွဲဟု ထပ်လောင်းဆိုနိုင်သည်။
၅