၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ပြောဆိုမှုများကို တမင် ရှောင်ရှားလာသည့် မိမိကိုယ်ကိုယ် ဆင်ဆာဖြတ်ခြင်း အခြေအနေကို ဖြစ်ပေါ် စေခဲ့သည်။ ဆန္ဒထုတ်ဖော် ပြောဆိုမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်း လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မဲဆွယ်စည်းရုံးရေးပစ္စည်းများကို ဖျက်ဆီးခြင်း သို့မဟုတ် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် သင်္ကေတပြခြင်း စသည့်လုပ်ရပ်များကိုပါ အကြမ်းမဖက်သော နိုင်ငံ ရေး ထုတ်ဖော်ပြောဆိုမှုများအဖြစ် မမြင်ဘဲ ဖျက်ဆီးရေးလုပ်ရပ်များဟု သဘောထားကာ အရေးယူခဲ့ သည်။ ယင်းကဲ့သို့သော ဆန္ဒထုတ်ဖော် ပြောဆိုမှုများသည် နိုင်ငံရေး အမြင်ကို ငြိမ်းချမ်းစွာ ဖော်ပြသည့် နည်းလမ်းများဖြစ်သော်လည်း စစ်တပ်က ၎င်းတို့ကို လုံခြုံရေးအန္တရာယ်အဖြစ် ပြောင်းလဲဖော်ပြခဲ့ခြင်း ဖြစ်သည်။ မရှင်းလင်းသော ဉပဒေပြဋ္ဌာန်းချက်များနှင့် လူမှုနယ်ပယ်အတွင်း စောင့်ကြည့်ဖိနှိပ်မှုများ စစ်တပ်၏ ရွေးကောက်ပွဲကာကွယ်ရေး ဉပဒေတွင် ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်း ဟူသော အဓိပ္ပါယ် မရှင်းလင်းသည့် ဝေါဟာရကို အသုံးပြုထားသဖြင့် မည်သည့် ထင်မြင်ချက်ဖော်ပြမှုကိုမဆို ရာဇဝတ်မှု အဖြစ် သတ်မှတ်နိုင်သည့် အခြေအနေကို ဖန်တီးထားသည်။ ထို့အပြင် စစ်တပ်လိုလားသော တယ်လီဂရမ် ချန်နယ်များမှ လူပုဂ္ဂိုလ်များကို အမည်တပ်၍ ဖော်ထုတ်ခြင်း၊ တိုင်ကြားရန် လှုံ့ဆော်ခြင်း နှင့် ဖမ်းဆီးမှု များကို ထောက်ခံအားပေးခြင်းတို့သည် ဉပဒေပြု ဖိနှိပ်မှုများကို လူမှုနယ်ပယ်ထဲသို့ တိုး ချဲ့စေခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော လုပ်ရပ်များသည် လူထုအတွင်း ကြောက်ရွံ့မှုနှင့် စောင့်ကြည့်ခံရနေ မှုကို တိုးမြှင့်စေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိုမို ကန့်သတ်စေခဲ့သည်။ မီဒီယာ သတင်းဖော်ပြမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်း ရွေးကောက်ပွဲကာလအတွင်း တွေ့ရှိရသော မီဒီယာဖိနှိပ်မှု ဖြစ်စဉ်များသည်လည်း လွတ်လပ် သော သတင်းဖော်ပြမှုများကို ရွေးကောက်ပွဲဆိုင်ရာ ဉပဒေအောက်တွင် ရာဇဝတ်မှုအဖြစ် ပြန်လည် သတ်မှတ်နေသည်။ အထူးသဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်သော စုံစမ်းဖော်ထုတ် ရေးသားမှုများနှင့် ဝေဖန်ထုတ်ဖော်မှုများကို ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားခြင်းဟုခေါ်ဆိုကာ အရေးယူခြင်း သည် ၃၃

Select target paragraph3