၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း
၅.၄။ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းကို ၂၀၂၁ အရေးတော်ပုံဟူသည့် စကားလုံး အသုံးပြုသဖြင့်
အမှုဖွင့် အရေးယူမှု
ရွေးကောက်ပွဲနှင့် ဆက်စပ်သော ဖမ်းဆီးအရေးယူမှု ဉပမာ နောက်တရပ်မှာ ပြည်သူ့ပါတီမှ
ကိုယ်စားလှယ်လောင်းတဦး အမှုဖွင့် အရေးယူခံရသည့် ဖြစ်စဉ်ဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်လောင်း ဉီးလွင်မြင့်သည် ရွေးကောက်ပွဲစည်းရုံးမှုကို ၎င်း၏ လူမှုကွန်ယက်
စာမျက်နှာတွင် ပြုလုပ်ခဲ့ရာ “၂၀၂၁ အရေးတော်ပုံ/တော်လှန်ရေး” ဟု သုံးနှုန်းခဲ့သဖြင့် ရွေးကောက်ပွဲ
ဉပဒေ ပုဒ်မ ၅၈ (ဂ) ဖြင့် အမှုဖွင့်ခံခဲ့ရသည်။ ထို့အပြင် ဉီးလွင်မြင့်၏ မိသားစုဝင်တဦးကို ၂၀၂၁ ခုနှစ်
လှုပ်ရှားမှုများနှင့် ဆက်စပ်သော ပြောဆိုချက်များလည်းရှိခဲ့ပြီး ယင်းဖြစ်စဉ် မတိုင်မီက ရွေးကောက်ပွဲ
ကော်မရှင်မှ ခေါ်ယူစစ်ဆေးမှုများ ရှိခဲ့ကြောင်း သိရသည်။ 22 ရွေးကောက်ပွဲ ဉပဒေ ပုဒ်မ ၅၈ (ဂ) သည်
မဲဆွယ်စည်းရုံးရေးဆိုင်ရာ စည်းကမ်းချက်များကို ဖောက်ဖျက်ပါက ထောင်ဒဏ် တနှစ်အထိ သို့မဟုတ်
ဒဏ်ငွေချမှတ်နိုင်သည့် ပြစ်ဒဏ်များ ပါဝင်နေသည်။
အဆိုပါဖြစ်စဉ်သည် မဲဆွယ်စည်းရုံးရေးအတွင်း အသုံးပြုသော စကားလုံးများနှင့် နိုင်ငံရေးဆိုင်ရာ
ပြောဆိုချက်များကိုပါ
ဉပဒေအောက်တွင်
ကန့်သတ်အရေးယူနိုင်သည့်
အခြေအနေရှိနေကြောင်း
ပြသနေပြီး ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေး ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်မှုများကို
ထင်ရှား စွာ ပေါ်လွင်စေသည်။
22 ဧရာဝတီ. (2025, December 20). ပြည့်သူပါတီအမတ်လောင်း တော်လှန်ရေးဟု သုံးသဖြင့် အမှုဖွင့်ခံရ . The Irrawaddy - Burmese Edition.
၂၉