၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၅.၃။ လူငယ်များကို ရွေးကောက်ပွဲကာကွယ်ရေး ဉပဒေဖြင့် ဖမ်းဆီးအရေးယူမှု အသက်မပြည့်သေးသော လူငယ်များကို ဖမ်းဆီးအရေးယူမှု ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် အမျုးသား ိ (၉) ဦးအား ရွေးကောက်ပွဲ ဉပဒေ ပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။ ယင်းအမှုများတွင် ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှ အရွယ်ရောက်ပြီးသူ (၄) ဦးနှင့် ကယား၊ လွိုင်ကော်မြို့မှ (၅) ဦး ပါဝင်ခဲ့ပြီး၊ လွိုင်ကော်အမှုတွင် အသက် ၁၈ နှစ်အောက် လူငယ် (၃) ဦး ပါဝင်သည်။ အသက် (၁၇) နှစ်၊ (၁၆) နှစ်နှင့် (၁၄) နှစ် အရွယ် အသက်မ ပြည့်သေးသည့် လူငယ်များကို ဆန္ဒပြခြင်း၊ လှုံ့ဆော်ခြင်း၊ စာရေးသားခြင်း၊ ပိုစတာချတ် ိ ဆွဲခြင်းနှင့် လူမှု ကွန်ရက်ပေါ်တွင် ထင်မြင်ချက် ဖော်ပြခြင်းစသည့်တို့ကို ပြုလုပ်သဖြ��့် ရွေးကောက်ပွဲကို နှောင့်ယှက် ဟန့်တားသည်ဟူသည့် အကြောင်းပြချက်ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။ 20 အသက်မပြည့်သေးသည့် ၁၈ နှစ်အောက်လူငယ်များကိုပါ အမှုဖွင့်အရေးယူခြင်းသည် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ပြီး ဤဖြစ်စဉ် သည် ရွေးကောက်ပွဲနှင့် ဆက်စပ်သော ဖိနှိပ်မှုများသည် လူငယ်များအထိပါ သက်ရောက်နေကြောင်း ပြသနေသည်။ လူငယ်(၃)ဉီးကိ ရ ု ွေးကောက်ပက ဲွ ာကွယရေ ် း ဉပဒေဖြင်ဖ ့ မ်းဆီးပြီး စစ်မထ ှု မ်းတပ်သားအဖြစ် ခေါ်ယူခြင်း မွန်ပြည်နယ် ကျုက် ိ ထိုမြို့နယ် ကော့ထင်းကျေးရွာတွင် စစ်တပ်က ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆက်စပ်သည်ဟုဆိုကာ လူငယ်သုံးဦးကို ဖမ်းဆီးကာ နှစ်ဉီးကို စစ်မှုထမ်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်။ ဒေသခံများ၏ အဆိုအရ အဆိုပါ လူငယ်သုံးဉီးသည် ရွေးကောက်ပွဲကို ဆန့် ကျင်သည့် လက်ကမ်းစာရွက်များကိုဖတ်ရှုပြီး ဝေဖန်ပြောဆိုခဲ့ရာ သတင်းပေးတိုင်ကြားခြင်း ခံခဲ့ရသည် ဟု ဆိုသည်။ ဖမ်းဆီးခံရသူများအနက် တဦးကို မိသားစုက ငွေပေး၍ ပြန်လည်ရွေးယူ နိုင်ခဲ့သော်လည်း ကျန်လူငယ်နှစ်ဦးကို စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံခဲ့ရသည်။ 21 ဤဖြစ်စဉ်သည် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဆက်စပ်သော နိုင်ငံရေးလှုပ်ရှားမှုများအပေါ် တုံ့ပြန်အရေးယူမှုတရပ်ဖြစ်ပြီး လူထုအား စစ်မှုထမ်းဉပဒေဖြင့်ပါ အခွင့်သာသလို ဖိနှိပ်နေကြောင်း သိသာထင်ရှားနေသည်။ 20 ရွေးကောက်ပွဲပျက်ပြားအောင် နှောင့်ယှက်သူ(၉)ဦးအား ပုဒ်မ ၂၃ (က)ဖြင့်အမှုဖွင့်. (2025, September 22). Popular Journal. 21 ကျုက် ိ ထိုမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်ကောက်ဖတ်မိသူ လူငယ် သုံးဦး ဖမ်းဆီးခံရ. (2025, December 4). Than Lwin Times. ၂၈

Select target paragraph3