၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း
၅.၂။ အတုအယောင် ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းတိုအား ဝေဖန်မှုကြောင့် အနုပညာရှင်
(၃) ဦးအား ထောင်ဒဏ် (၇) နှစ် ချမှတ်မှု
ရွေးကောက်ပွဲနှင့် ဆက်စပ်သော ထင်မြင်ချက်ဖော်ပြမှုများကို အရေးယူရာတွင် ထင်ရှားသော
ဉပမာဖြစ်စဉ် နောက်တခုမှာ အနုပညာရှင်များကို ပစ်မှတ်ထား ဖမ်းဆီးမှုများ ဖြစ်သည်။ စစ်တပ်၏
ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတို “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ကို အာဏာသိမ်းမှုကို ပုံ
ဖျက်သရော် ဝေဖန်ခြင်း သို့မဟုတ် ထိုဝေဖန်မှုတွင် ပါဝင်ခဲ့ကြသည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး၊
သရုပ်ဆောင် ကျော်ဝင်းထွဋ် နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို အကြမ်းဖက်စစ်တပ်က ၂၀၂၅ ခုနှစ်
အောက်တိုဘာ (၂၉) ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို ရွေးကောက်ပွဲအပေါ် လူထုအထင်အမြင်
လွဲမှားစေရန် လှုံ့ဆော်မှု ပြုလုပ်သည်ဟုဆိုကာ နိုဝင်ဘာလအတွင်းတွင် ရွေးကောက်ပွဲ ကာကွယ်ရေး
ဉပဒေဖြင့် ထောင်ဒဏ် (၇) နှစ်စီ အမိန့်ချခဲ့သည်။ 19 ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ ဒါရိုက်တာ အောင်ချမ်း
လူကိုလည်း ဝါဒဖြန့်ရုပ်ရှင်တခုကို ဝေဖန်သည့် လူမှုကွန်ယက် ဖော်ပြချက်တခ���ကို တုံ့ပြန်မှု (reaction)
ပေးခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရင်းမြစ်များမှ ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်သည် လူမှု
ကွန်ယက်ပေါ်တွင် လူထု၏ပုံမှန်ပြုလုပ်လေ့ရှိသော ထင်မြင်ချက်ဖော်ပြမှုများကို တုံ့ပြန်မှု (Reaction)
ပေးခြင်းကိုပါ စစ်တပ်က အရေးယူနိုင်သည့် အခြေအနေရှိနေကြောင်း ပြသနေသည်။ ဖြစ်စဉ် အချန်ိ
ကာလကို လေ့လာမည်ဆိုပါက ဝေဖန်မှုများ တိုးလာသည့်ကာလနှင့် ဖမ်းဆီးမှုများ ဖြစ်ပေါ်လာသည့်
ကာလတို့သည် နီးကပ်စွာ ဆက်စပ်နေကြောင်း တွေ့ရသည်။
ထိုဖြစ်စဉ်များသည် အများသိသော လူပုဂ္ဂိုလ်များကို ပစ်မှတ်ထား အရေးယူခြင်းမှ တဆင့် လူထု
အတွင်း ကြောက်ရွံ့မှု ဖန်တီးရန်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန် ရည်ရွယ်ထား
သော ပိုမိုကျယ်ပြန့်သည့် ဖိနှိပ်မှုပုံစံတရပ်ဖြစ်သည်။
19 ဒါရိုက်တာ မိုက်တီး အပါအဝင် အနုပညာရှင် ၃ ဦးကို စစ်တပ်ဖမ်းဆီး . (2025, October 29). BBC Myanmar.
၂၇