၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၄.၃။ အတုအယောင် ရွေးကောက်ပွဲ ကာလအတွင်း စစ်တပ်မှ လအလိုက် ဖမ်းဆီး/အရေးယူခဲ့သူများ ရွေးကောက်ပွဲ ကာကွယ်ရေးဉပဒေ စတင်အသက်ဝင်သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ မှ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ ထိုဉပဒေဖြင့် ဖမ်းဆီးအရေးယူခံရမှုများကို လေ့လာရာတွင် ဖမ်းဆီး မှုများကို သြဂုတ်လတွင် စတင်ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ဩဂုတ်လတွင် လူမှုကွန်ယက်တွင် ရွေးကောက်ပွဲကို ဝေဖန်ရေးသားသဖြင့် (၁) ဉီး ဖမ်းဆီးအရေးယူခံရသည်။ ဖမ်းဆီးအရေးယူမှုသည် စက်တင်ဘာလတွင် ပိုမိုများပြားလာပြီး ဒီဇင်ဘာလအထိ ဆက်တိုက် အရေးယူမှုများ ပြုလုပ်ခဲ့သည် ကို တွေ့ရသည်။ အသေးစိတ်အားဖြင့် စက်တင်ဘာလတွင် (၄၄) ဉီး၊ အောက်တိုဘာလတွင် (၅) ဉီး၊ နိုဝင်ဘာလတွင် (၇၄) ဉီး၊ ဒီဇင်ဘာလတွင် (၄၆) ဉီးနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် (၁၂) ဉီး အသီးသီး ဖမ်းဆီးခံခဲ့ရသည်ကို တွေ့ရသည်။ ရွေးကောက်ပွဲ တတိယပိုင်း ပြီးဆုံးချန်ိ ဇန်နဝါရီလ နောက်ပိုင်း တွင်မူ ဖမ်းဆီးမှုများ မရှိသလောက် နည်းပါးသွားသည်ကို တွေ့ရသည်။ ဤအချက်အလက်များအရ အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ရွေးကောက်ပွဲ နီးကပ်လာသည့် ကာလများတွင် ပိုမို ချုးဖောက် ိ ခံခဲ့ရပြီး အထူးသဖြင့် နိုဝင်ဘာလတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ပုံ(၃) လအလိုက် ဖမ်းဆီးခံရမှု ၁၄

Select target paragraph3