၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၄။ သုတေသန တွေ့ရှိချက်များ ၄.၁။ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း အရေးယူ/ဖမ်းဆီးမှုများနှင့် ဖမ်းဆီးအရေးယူမှု များကို အဓိကလုပ်ဆောင်ခဲ့သည့် အစုအဖွဲ့များ အတုအယောင် ရွေးကောက်ပွဲကာလဖြစ်သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၆ခုနှစ်၊ မတ်လ အတွင်း ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချုးဖောက် ိ ခံရပြီး ဖမ်းဆီး ခံရသူများကို စိစစ်ကြည့်ရာ စုစုပေါင်း (၂၁၅) ဉီးအထိ ရှိခဲ့သည်ကို တွေ့ရသည်။ ဖမ်းဆီးအရေးယူမှုများကို လုပ်ဆောင်ခဲ့သည့် အစုအဖွဲ့များကို လေ့လာရာတွင် ရွေးကောက်ပွဲ ကို ဆန့်ကျင်မှု (သို့မဟုတ်) ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင��� ပါဝင်မှုကြောင့် အရေးယူမှုများကို ပြုလုပ်သူသည် အာဏာသိမ်းစစ်တပ် တဉီးတည်းမဟုတ်ဘဲ အခြားအစုအဖွဲ့များဖြစ်သည့် အမျုးသား ိ ညီညွတ်ရေး အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများပါ ပါဝင်နေသည် ကို တွေ့ရသည်။ ရွေးကောက်ပွဲကို ဆန့်ကျင်သဖြင့် စစ်တပ်က ဖမ်းဆီးအရေးယူမှုခံရသူ (၁၈၂) ဉီးရှိပြီး၊ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်နေသဖြင့် (သို့မဟုတ်) ရွေးကောက်ပွဲ ကို ထောက်ခံသဖြင့် အမျုးသားညီ ိ ညွတ်ရေး အစိုးရက ဖမ်းဆီးအရေးယူခံရသူ (၂၆) ဉီးရှိသည်ကို တွေ့ ရသည်။ ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးသူ (၅) ဉီးနှင့် အမည်မသိလက်နက်ကိုင် အဖွဲ့အစည်းမှ ဖမ်းဆီးသတ်ဖြတ်ခံရသူ (၂) ဉီးရှိခဲ့သည်ကိုတွေ့ရသည်။ ပုံ(၁) ဖမ်းဆီးအရေးယူမှုများကို အဓိကလုပ်ဆောင်ခဲ့သည့် အစုအဖွဲ့များ ၁၂

Select target paragraph3