ထို့ကြောင့်ယင်းကဲ့သို့သော မြို့နည်အပြည့်အစုံ ပါဝင်လာခြင်းမရှိသေးသည့် မဲဆန္ဒနယ်မျိုးတွင် ရွေးကောက်ပွဲ အပိုင်း (၁) အတွက် ကိုယ်စားလှယ် ရွေးချယ်နိုင်ဦးမည်မဟုတ်ပေ။ ယင်းအခြေအနေသည် ရွေးကောက်ပွဲ မဲမသမာမှု လုပ်နိုင်သည့် အခြေအနေပင်ဖြစ်သည်။ ရွေးကောက်ပွဲ တကြိမ်တည်းဖြင့် ကိုယ်စားလှယ်လောင်း မရွေးချယ်နိုင်သည့် ဒေသများတွင် အပိုင်း(၁)ကျင်းပနိုင်သည့် မြို့နယ်များမှ ထွက်ပေါ်လာသည့် ရလဒ်များကို ကြည့်ပြီး ကျန်ရှိသည့် မြို့နယ်များမှ ရွေးကောက်ပွဲ ရလဒ်ကို မသမာသည့်နည်းဖြင့် ပြောင်းလဲအောင် လုပ်ဆောင်နိုင်သည့်အခြေအနေမြင့် မားနေသည်။ စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်များကို အခြေခံပြီး တွက်ချက်ပိုင်းခြားမှုများအရ ရွေးကောက်ပွဲ အပိုင်း (၁) အမျိုးသားလွှတ်တော် FPTP စနစ်တွင် အပြည့်အဝကျင်းပ နိုင်သည့် မဲဆန္ဒနယ် ၁၁ နယ်သာရှိပြီး ကိုယ်စားလှယ်လောင်း ၁၁ ဦးသာရွေးချယ်နိုင်မည်ဖြစ်သည်။ အမျိုးသား လွှတ်တော် PR စနစ်တွင်လည်း အပြည့်အဝကျင်းပနိုင်သည့် မဲဆန္ဒနယ် ၁ နယ်သာ ရှိပြီး ကိုယ်စားလှယ် ၂ ဦးသာ ရွေးချယ်နိုင်မည်ဖြစ်သည်။ စစ်ကော်မရှင် ရွေးကော��်ပွဲအပိုင်း(၁)တွင် ကွက်ပြည့်ကျင်းပနိုင်မည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ ၈

Select target paragraph3