အနှစ်ချုပ်သုံးသပ်ချက် စစ်ကော်မရှင်က လွှတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပမည်ဟုဆိုထားသော်လည်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ စစ်အုပ်စုဆက်လက် အုပ်စိုးရေးကိုသာ စီစဉ်ထားခြင်းဖြစ်ကြောင်း ထင်ထင်ရှား ရှားတွေ့မြင်ရသည်။ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပသည့် နည်းစနစ်များပြောင်းလဲခြင်း၊ လုံခြုံရေးလိုအပ်ချက်ကြောင့်မဟုတ်ဘဲ အပြ ည့်အဝစိုးမိုးနယ်မြေများတွင်ပါ အပိုင်းလိုက်ခွဲကျင်းပခြင်းများသည်။ ပြည်သူများကိုနားမလည်ရှုပ်ထွေးစေပြီး ၎င်း တို့လက်ဝေခံပါတီများ အနိုင်ရရေး မသမာမှုများ ဖန်တီးနိုင်သည့် အနေအထားဖြစ်သည်။ အပိုင်း(၁) ပြီးနောက် လွှတ်တော်ခေါ်ယူခြင်းနှင့် အစိုးရဖွဲ့စည်းခြင်းများလုပ်ဆောင်မည်ဆိုပါက စစ်အုပ်စုသည် ပြည်သူ့လွှတ်တော်တွင် ၅၀ ရာခိုင်နှုန်းအထက်၊ အမျိုးသားလွှတ်တော်တွင် ၈၀ ရာခိုင်နှုန်းအထက်၊ ပြည်ထောင်စု လွှတ်တော်တွင် ၅၀ ရာခိုင်နှုန်းအထက် ရရှိမည်ဖြစ်ပြီး။ သမ္မတနှင့်အစိုးရအဖွဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ တို့ ကိုလည်းခန့်အပ်နိုင်သည်။ ထို့ကြောင့် စစ်အုပ်စုသည် ရွေးကောက်ပွဲပြုလုပ်ပြီး အစိုးရသစ်ကို အာဏာလွှဲပြောင်းမည်ဟုမကြာခဏ ပြောနေ သော်လည်း ၎င်း၏ ထုတ်ပြန်ချက် ပြဌာန်းချက်များနှင့် နည်းစနစ်များသည် စစ်အုပ်စုက ဆက်လက်ချုပ်ကိုင်မည့် အနေအထားကို မီးမောင်းထိုးပြနေသည်။ အဆိုပါအခြေအနေသည် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် အရပ်သားအစိုးရသို့ အဆင့်ဆင့်ဆင့်ပြောင်းလဲမည့် ပုံစံ မဟုတ်ဘဲ အရာအားလုံးကို စစ်တပ်က အပြည့်အဝဆက်လက်ထိန်းချုပ်ဖို့ စီမံဆောင်ရွက်ချက်ပင်ဖြစ်သည်။ ၁၇

Select target paragraph3