(၄) အစိုးရဖွဲ့စည်းမှုကိုလွှမ်းမိုးချုပ်ကိုင်ခြင်း
အစိုးရဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး ဘယ်အချိန် ဘယ်ကာလတွင် ဖွဲ့စည်းနိုင်ကြောင်းသတ်မှတ်ပြဋ္ဌာန်းထားခြင်းမျိုးမ
တွေ့ရပေ သို့သော်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့က သမ္မတရွေးချယ်တင်မြှောက်
ရေးအဖွဲ့ကိုဖွဲ့စည်းပြီး သမ္မတနှင့် ဒုသမ္မတများကို ရွေးချယ်တင်မြှောက်ရမည်ဟု ပြဋ္ဌာန်းထားသည်။
“သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို
ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်အစုအဖွဲ့သုံးဖွဲ့ဖြင့် အောက်ပါအတိုင်းဖွဲ့စည်းရမည်”
၂၀၀၈ ခြေဥ- ပုဒ်မ ၆၀(ခ)
ထို့ပြင်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို
ပြည်သူ့လွှတ်တော်အစည်းအဝေး
စတင်ကျင်းပသည့်နေ့မှ
၁၅ရက်အတွင်း ကျင်းပရမည်ဟုပါရှိသည့်အတွက် ရွေးကောက်ပွဲ အပိုင်း(၁) ပြီးနောက် လွှတ်တော်များခေါ်ယူပြီး
အစိုးရဖွဲ့စည်းနိုင်သည့်အခြေအနေရှိနေသည်။
“ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေး
ကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့်နေ့မှ
၁၅ ရက်အတွင်းကျင်းပရမည်။ ”
၂၀၀၈ ခြေဥ- ပုဒ်မ ၇၈
၁၅