(၃) လွှတ်တော်ခေါ်ယူမှုဆိုင်ရာ ဥပဒေအားနည်းချက်ကို အသုံးချခြင်း စစ်အုပ်စု ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေတွင် အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်မှ ရက် ပေါင်း ၉၀အတွင်း ပြည်သူ့လွှတ်တော်ခေါ်ယူရမည်ဟု ဖော်ပြထားသည်။ အမျိုးသားလွှတ်တော်ကိုတော့ ပြည်သူ့လွှတ်တော်ကျင်းပတဲ့ နေ့မှာခေါ်ယူရမယ်လို့ဆိုပါတယ်။ ထို့ကြောင့် အပိုင်း(၁) ပြီးချိန်တွင် အပိုင်း(၂)ကို ဆက်လက် မကျင်းပဘဲ လွှတ်တော်ခေါ်ယူခြင်းကို စစ်အုပ်စုက လုပ်ဆောင်လာနိုင်သည်။ “ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ်ခုတွင် ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်။” ၂၀၀၈ ခြေဥ- ပုဒ်မ ၁၂၃ ထို့အပြင် လွှတ်တော်အစည်းအဝေး ပထမနေ့တွင် အစည်းအဝေးတက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော်တက်ရောက်ပါက အစည်းအဝေးတက်ရောက်ခွင့်ရှိသည့် လွှတ်တော်အထမြောက်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ဦးရေဆိုသည့် သတ်မှတ်ထားသည်။ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်သည် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် ဒေသများမှ ကိုယ်စားလှယ်လောင်းများကို ထည့်သွင်းတွက်ချက်ခြင်း မရှိသည့် အနက်ဆောင်သည်။ ထို့ကြောင့် အပိုင်း(၁)အပြီး ထွက်ပေါ်လာသည့် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် စစ်အုပ်စု ကရွေးချယ်ထားသည့် စစ်တပ်ကိုယ်စားလှယ်များပေါင်းပြီး ၅၀ရာခိုင်နှုန်းကျော် လွှတ်တော်အစည်းအဝေး ပထမနေ့ ကို တက်ရောက်ပါက လွှတ်တော်အထမြောက်မည်ဖြစ်သည်။ “ပြည်ထောင်စုလွှတ်တော်/ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော်/တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတစ်ရပ်၏ ပထမနေ့တွင် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေတက်ရောက်လျှင် ယင်းအစည်းအဝေးအထမြောက်သည်။” ၂၀၀၈ ခြေဥ- ပုဒ်��� ၈၅(က)၊ ၁၂၈(က)၊ ပုဒ်မ ၁၅၅၊ ပုဒ်မ ၁၈၀(က) ၁၀

Select target paragraph3