အပိုင်း (၁) ပြည်သူ့လွှတ်တော်
အပိုင်း (၁) အမျိုးသားလွှတ်တော်
၁၃ ဦး
၁၀၂ ဦး
ထို့အတူ တိုင်း/ပြည်နယ် လွှတ်တော် PR စနစ် မဲဆန္ဒနယ်များတွင်လည်း မဲဆန္ဒနယ် တစ်ခုတည်းတွင် ပထမအကြိမ်
တွင် ကျင်းပနိုင်သည့် မြို့နယ်နှင့် မကျင်းပနိုင်သည့်မြို့နယ်များ ပါဝင်နေသည့် မဲဆန္ဒနယ် များစွာရှိနေသည်။ ယခင်
မြို့နယ်ကို ကိုယ်စားပြုသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)၊ အမှတ်(၂)ဟု
မဲဆန္ဒနယ် ခွဲခြားထားမှုအစား မြို့နယ်အလိုက် ကိုယ်စားပြုသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးကို FPTP ဖြင့် ရွေးချယ်စေပြီး အခြားသော ကိုယ်စားလှယ်တစ်ဦးကို PR စနစ်ဖြင့် ရွေးချယ်
မည်ဖြစ်သည်။
ရွေးကောက်ပွဲ အပိုင်း(၁) ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များတွင် FPTP စနစ် ကိုယ်စားလှယ်
များသာ ထွက်ပေါ်လာမည်ဖြစ်ပြီး မဲဆန္ဒနယ်သတ်မှတ်မှုအရ PR စနစ်ဖြင့် ကိုယ်စားလှယ်ထွက်ပေါ်လာမှု မရှိပေ။
ထို့အပြင် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးတွင် ယှဉ်ပြိုင်ရမည်
ဖြစ်သဖြင့် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်သည် အလုံးစုံသော မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲ
မလုပ်ဆောင်နိုင်သေးသည်အထိ ထွက်ပေါ်လာမည် မဟုတ်ပေ။
ထို့ကြောင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း(၁) တွင် ပြည်ထောင်စုအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၁၀၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးသာ ရွေးချယ်နိုင်ဦးမည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့်
ပြည်နယ်လွှတ်တော်များ အတွက်လည်း မြို့နယ် ၁၀၂ မြို့နယ်က ကိုယ်စားလှယ် ၁၀၂ ဦးသာ ရွေးချယ်နိုင်ဦးမည်
ဖြစ်သည်။
၉