1/12/24, 11:35 AM (၄) အဖိနှိပ်ခံနေရသော အွန်လိုင်းသတင်းလွတ်လပ်ခွင့်အခြေအနေများ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သတင်းမီဒီယာများအား လုပ်ငန်းလိုင်စင်ရုပ်သိမ်းခြင်းနှင့် သတင်းသမားများ အားဖမ်းဆီး ခြင်းတို့ကို နည်းလမ်းမျိုးစုံအသုံးပြု၍ စစ်ကောင်စီက ဖိနှိပ်လာခဲ့သည်။ သတင်းမီဒီယာများသည် သတင်းများ အား ဆက်လက်တင်ဆက် နိုင်ရန်အတွက် လူမှုကွန်ရက်၊ ဒီဂျစ်တယ်ပလက်ဖောင်းမျိုးစုံနှင့် ဝက်ဆိုက်များအပေါ် အဓိကအား ထားခဲ့ကြရသည်။ သတင်းမီဒီယာများမှ ပြည်သူလူထုထံသို့သတင်းများ ဆက်လက်တင်ဆက်ပေးနိုင်ရန် ကြိုးပမ်းနေသကဲ့သို့ သတင်းမီဒီယာများကို စစ်ကောင်စီကလည်း နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်နိုင်ရန် အားထုတ်လျက်ရှိသည်။ ၂၀၂၃ ခုနှစ် မတ်လ(၁၁)ရက်နေ့၌ စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်အ ခြေစိုက် နိရ ဉ္စရာသတင်းဌာန၏အယ်ဒီတာချုပ်အား ဆက်သွယ်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လ(၈) ရက်နေ့ကလည်း ဧရာဝတီတိုင်းအခြေစိုက် ဧရာဝတီတိုင်းမ်သတင်းဌာန၏လိုင်စင်ကို စစ်ကောင်စီက ရုပ်သိမ်းခဲ့သည်။ ထို့အ ပြင် ဇူလိုင်လ(၈)ရက် နေ့၌လည်း လူသိများထင်ရှားသောသတင်းဌာနများဖြစ်သည့် ဒီဗွီဘီ(DVB)နှင့် မဇ္ဈိမ(Mizzima)သ တင်းဌာနတို့အား ကြွေးကျန်ရှိသည် ဟူသောအကြောင်းပြချက်ဖြင့် စစ်ကောင်စီက တရားစွဲရန်ပြင်ဆင်နေကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြောကြားခဲ့သည်။ မိုခါမုန်တိုင်းဘေးဒဏ်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းအခြေအနေများကို သွားရောက်မှတ်တမ်းတင်နေစဉ် မေလ(၂၃)ရက်နေ့၌ စစ်တွေမြို့တွင် ဖမ်းဆီးခံလိုက်ရသည့် မြန်မာနောင်း(Myanmar Now)ဓာတ်ပုံသတင်းထောက် ကို စိုင်းဇော်သိုက် ကို စက်တင်ဘာလ(၆)ရက်နေ့တွင် စစ်ကောင်စီက ထောင်ဒဏ်အနှစ်(၂၀)ချမှတ်ခဲ့သည်။ အောက်တိုဘာလ (၂၉)ရက်နေ့တွင်လည်း စစ် တွေမြို့အခြေစိုက်“DMG”သတင်းဌာနအား ဝင်ရောက်စီးနင်းပြီး သတင်းထောက် ထက်အောင်နှင့် ညစောင့် စိုးဝင်းအောင်တို့ကို ဖမ်းဆီးခဲ့ သေးသည်။ ထို့အပြင် ရခိုင်သတင်းဌာနများ၏သတင်းများအပေါ် မှတ်ချက်ရေးခြင်းနှင့် မျှဝေခြင်းများကိုပြုလုပ်ပါက အရေးယူမည်ဟု ဒီဇင်ဘာလ(၅)ရက်နေ့တွင် စစ်ကောင်စီက ကြေညာခဲ့သည်။ ထို့အပြင် ဒီ ဇင်ဘာလ(၁၂)ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် “Dawei Watch”သတင်းဌာနမှ မြိတ်မြို့ဒေသခံသ တင်းထောက်နှစ်ဦးဖြစ်သည့် အောင်ဆန်းဦးနှင့် မျိုးမြင့်ဦးတို့နှစ်ဦးအား ညအချိန်၌ နေအိမ်တွင်ဖမ်းဆီးခဲ့သည်။ သတင်းသမားများဖြစ်၍ဖမ်းဆီးခြင်းဖြစ်ကြောင်း မိသားစုကို ပြောကြားခဲ့သည်ဟု “Dawei Watch”သတင်းဌာန၏ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်မှစတင်၍ “မဲခေါင်သတင်း(Mekong News)”သတင်းအေဂျင်စီ၏လုပ်ငန်းလိုင်စင်အား ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၂၉)ရက်တွင် ကြေညာခဲ့သည်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းခဲ့သည့် သတင်းအေဂျင်စီနှင့်သတင်းဌာန(၁၅)ခုရှိပြီ ဖြစ်သည်။ ၂၀၂၃ ခုနှစ် မေလ(၆)ရက်နေ့၌ နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)ကထုတ်ပြန်သည့် သတင်းမီဒီယာလွတ် လပ်ခွင့် အညွှန်းကိန်းအရ ကမ္ဘာ့နိုင်ငံပေါင်း(၁၈၀)တွင် မြန်မာနိုင်ငံသည် အဆင့်(၁၇၃)နေရာသို့ ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံပြီးလျှင် သတင်း သမားများကို အများဆုံးထောင်ချထားသည့်ဒုတိယမြောက်နိုင်ငံတစ်ခုအဖြစ်လည်း ဖော်ပြခံထားရသည်။ အထက်ပါဖြစ်ရပ်များအားလေ့လာကြည့်ပါက စစ်ကောင်စီ၏မီဒီယာလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်များနှင့်သ တင်း လွတ်လပ်ခွင့်အပေါ် ထိန်းချုပ်မှုများကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ နိဂုံး ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်းဖြစ်ပေါ်ခဲ့သည့် ဒီဂျစ်တယ်ဖိနှိပ်မှုများကို လေ့လာကြည့်ပါက စစ်ကောင်စီသည် လူမှုကွန်ရက်များ အားစောင့်ကြည့်နေပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ်ဟန့်တားနိုင်ရန် ကြိုးစားနေသည်ကို ရှင်းလင်းစွာတွေ့မြင်ရမည်။ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီသည် လူထုအား အစုလိုက်အပြုံလိုက် စောင့်ကြည့်နိုင်ရေးအစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်လာနေပါသည်။ ပဋိပက္ခဖြစ်ပွားရာနေရာဒေသများတွင် အင်တာနက်နှင့်မိုဘိုင်းဖုန်းအသုံးပြုမှုများအား ဖြတ်တောက်ခြင်းနည်းလမ်းကို လက်နက်သဖွယ် ဆက်လက်အသုံးပြုနေပြီး သတင်းမီဒီယာများအပေါ် ပြင်းထန်သည့်ဖိနှိပ်မှုများကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ https://www.myanmarinternet.info/my/post/blog_014 9/9

Select target paragraph3