1/12/24, 11:35 AM ပြည်သူလူထုအားအစုလိုက်အပြုံလိုက်စောင့်ကြည့်နိုင်သောအစီအစဉ်များကို သောနည်းလမ်းများကိုအသုံးပြု၍ လူထုအပေါ်စောင့်ကြည့်ခြင်းနှင့် အကောင်အထည်ဖော်နေသည်နှင့်တပြိုင်နက် ပုဂ္ဂလိကအခွင့်အရေးချိုးဖောက်ခံရခြင်းဖြစ်စဉ်များ အခြား လုပ်ဆောင် နေသည်ကို တွေ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်ကုန်မြို့အတွင်း ခရီးသွားလာနေကြသူများ၏ ဖုန်းနှင့်လက်ကိုင်အိတ်များကို ရှောင် တခင် စစ်ဆေးမှုများပြုလုပ်တတ်သည်။ ထို့အပြင် စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်များတွင်လည်း မိုဘိုင်းဖုန်းနှင့် ပိုက်ဆံအိတ်များအား စစ်ဆေး မှုများပြုလုပ်ကြသည်ကိုတွေ့ရသည်။ ၂၀၁၃ ခုနှစ် မေလတစ်လတည်းအတွင်းမှာပင် ကေပေး(KBZ Pay), ဝေ့ဖ်ပေး(Wave Pay), ဧရာပေး(AYA Pay)နှင့် စီဘီပေး(CB Pay)အကောင့် စုစုပေါင်း(၇၂၁)ခုကို နွေဦးတော်လှန်ရေး ထောက်ပံ့မှုသံသယဖြင့် စစ်ကောင်စီ က ပိတ်သိမ်းခဲ့သည်။ ဘဏ်အကောင့်များအား ခြေရာခံစောင့်ကြည့်ပိတ်သိမ်းမှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး ထိုသို့လုပ်ဆောင်ခံရသည့် အကောင့်ပိုင်ရှင်များသည် သက်ဆိုင်ရာဘဏ်နှင့်စစ်ကောင်စီတို့ထံမှ ယင်းအတွက်တိကျသောဖြေရှင်းချက် မရခဲ့ကြပါ။ မတ်လ(၁)ရက်နေ့၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ယင်းဥပဒေ အ ခန်း(၁၄)တွင် အီလက်ထရောနစ်သတင်းအချက်အလက် ကြားဖြတ်ဖမ်းယူခြင်းဆိုင်ရာကိစ္စရပ်များအား ထည့်သွင်းပြဋ္ဌာန်း ထားပြီး ယင်းတို့၏စောင့် ကြည့်ရေးလုပ်ငန်းစဉ်များကို ဥပဒေအရတရားဝင်ဖြစ်စေရန် စစ်ကောင်စီက တစ်ဖက်သတ်ဆောင် ရွက်ခဲ့သည်။ ဧပြီလ(၃)ရက်နေ့၌ ရန်ကုန်လေဆိပ်တွင် ပြေးဆွဲနေသော အငှားယာဉ်များအား Grabနှင့်ချိတ်ဆက်ရန် လုံခြုံရေး ဆိုင်ရာ အကြောင်းပြချက်ဖြင့် ဖိအားပေးခဲ့သည်ကို တွေ့ရသည်။ Grab အက်ပလီကေးရှင်းမှတစ်ဆင့် မှတ်ပုံတင်ပြုလုပ်ရာ တွင် သုံးစွဲ သူ၏ဓာတ်ပုံများထည့်သွင်းထားရပြီး ခရီးသွားမှတ်တမ်းများကို ပြန်လည်ခြေရာခံနိုင်ရာ စစ်ကောင်စီ၏စောင့်ကြည့်ရေးလုပ်ငန်းစဉ် အတွက်အထောက်အကူပြုမည်ဖြစ်သောကြောင့် စစ်ကောင်စီ၏အကြောင်းပြချက်သည် သံသယဖြစ်ဖွယ်ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ရှိ လမ်းဘေးစျေးဆိုင်များအား စီစီတီဗွီ(CCTV)ကင်မရာများတပ်ဆင်ရန် ဖိအားပေး လုပ်ဆောင်ခဲ့သည်။ ဩဂုတ်လ(၂၄)ရက်၌ အရပ်ဝတ်ဝတ်ဆင်ထားသည့်စစ်ကောင်စီစစ်သားများနှင့် မြူနီစပါယ်ဝန်ထမ်းများသည် အောင်မြေသာဇံမြို့နယ်၏အဓိကလမ်းများတွင် ဖွင့်လှစ်ထားသောဆိုင်များအား စီစီတီဗွီကင်မရာများတပ်ဆင်ရန် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်း၍ ကုန်သေတ္တာယာဉ်နှင့် အလုံပိတ်ယာဉ် များ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးရေးစနစ်(Logistic Surveillance System, E-Lock)ကို စတင် အသုံးပြု၍ ဆောင်ရွက်နေကြောင်း စက်တင်ဘာလ(၂၀)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ (၃) အင်တာနက်ဖြတ်တောက်မှုအခြေအနေများ သတင်းစီးဆင်းမှုကန့်သတ်နိုင်ရေးနှင့်စစ်ရေးလှုပ်ရှားမှုသတင်းများအား လျှို့ဝှက်နိုင်ရေးအပါအဝင် တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှု များအား ကန့်သတ်နိုင်ရေးအတွက် အင်တာနက်ဖြတ်တောက်မှုများကို စစ်ကောင်စီက လက်နက်သဖွယ်အသုံးပြုလာသည်မှာ ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီ(၁)ရက် အာဏာသိမ်းမှုစတင်စဉ်ကာလကတည်းက ဖြစ်သည်။ ၂၀၂၃ ခုနှစ် အင်တာနက်ဖြတ်တောက်မှုများကိုလေ့လာကြည့်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက် ဖြတ်တောက်မှု လုပ်ဆောင်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ သို့သော် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများတွင် အင်တာနက်ဖြတ်တောက်မှုများအား စစ် ကောင်စီက ဆက်တိုက်ဆက်လက်ပြုလုပ်နေသည်ကို ထင်ရှားစွာတွေ့ရသည်။ ထိုသို့ စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုများကြောင့် သတင်းအချက်အလက်စီးဆင်းမှုများနောက်ကျပြီး ပြည် သူလူထု သည် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာထိခိုက်မှုများ သိသာစွာဖြစ်ပေါ်ခဲ့သည်။ ချင်းပြည်နယ်တွင် ဆက်သွယ်ရေးဖြတ်တောက်ခံထားရမှု ကြောင့် ၂၀၂၃ ခုနှစ် မေလအတွင်းက ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားကြီးဆိုက်ကလုန်းမုန်တိုင်းဖြစ်သော မိုခါမုန်တိုင်းနှင့် ပတ်သက်သည့်သတင်းအချက်အလက်များကို အချိန်နှင့်တပြေ���ညီ မရရှိနိုင်ခဲ့ပါ။ ထို့ကြောင့် ချင်းပြည် နယ်အတွင်း အခြေချနေထိုင် သူများသည် မုန်တိုင်းဒဏ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်မှုအားနည်းခဲ့ရသည်။ အင်တာနက်ဖြတ်တောက်မှုနှင့်ပြန်လည်ဖွင့်ပေးမှုတို့ကိုလုပ်ဆောင်ရာတွင် မည်သည့်ရည်ရွယ်ချက်ကြောင့်ဟုဆိုသော ခန့်မှန်းရ ခက်သည့်လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်တတ်သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့၌ ကာလရှည်အင်တာနက်ပိတ်ဆို့ ခံထားရသည့် ကချင်(ဖားကန့်)နှင့် စစ်ကိုင်း(မြင်းမူ၊ ဆားလင်းကြီး၊ အရာတော်၊ ယင်းမာပင်၊ မင်းကင်း၊ ကန့်ဘလူ၊ ကသာ၊ ကောလင်း၊ ဘု တလင်၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ အင်းတော်နှင့် ကျွန်းလှ)မြို့နယ်များတွင် အက်တမ် (Atom)ဖုန်းဆင်းကဒ်(Sim Card)များဖြင့် အင်တာ နက်အသုံးပြုခွင့်ရခဲ့သည်။ ထို့နောက် https://www.myanmarinternet.info/my/post/blog_014 ဇန်နဝါရီလ(၅)ရက်နေ့တွင် ယင်း လိုင်းများ ပြန်လည်ပိတ်သွားကြောင်း ဘီဘီစီမြန်မာ 6/9

Select target paragraph3