1/12/24, 11:35 AM ဇီဝအချက်အလက်ကောက်ယူရေးသင်တန်းကို ပဲခူးတိုင်ဒေသကြီးတွင်ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသောသတင်း စစ်ကောင်စီ၏ပြန်ကြာရေးဝန်ကြီးဌာနကအသုံးပြုသောတယ်လီဂရမ်ချန်နယ်တွင် ဖော်ပြသည့်သတင်းများအရ ၂၀၂၃ ခုနှစ် အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရန်ကုန်တိုင်း​ဒေသကြီးတို့ရှိ​ မြို့နယ်အချို့တွင် ဇီဝအချက်အလက် ကောက်ယူနိုင်ရေးကိစ္စများ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ(၁၀)ရက်အနေ့အထိ ဇီဝအချက်အလက်ကောက်ခံမှုအတွ���်လူဦးရေ(၇)သိန်းကျော်၏အချက်အ လက် များ ကောက်ခံထားနိုင်ပြီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။ ဇီဝအချက်အလက်ကောက်ယူရေးလုပ်ငန်းစဉ်အား အပြီးသတ်နိုင်ရေးအတွက် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စမတ်ကဒ်(Smart Card)မပြုလုပ်ရသေးသူ များခရီးသွားပါက အုပ်ချုပ်ရေး မှူးနှင့် လဝကရုံးထောက်ခံချက်များ တောင်းခံခိုင်းသည့်လုပ်ဆောင်ချက်များကို စစ်ကောင်စီ က လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီခန့် ပြည်ထောင်စုဝနကြီး ဦးမြင့်ကြိုင်သည် အီးအိုင်ဒီ(E-ID)စနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာ၏ သတင်းဖော်ပြချက် ဇီဝအချက်အလက်ကောက်ခံမှုလုပ်ငန်းစဉ်အတွက် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့၏အကူအညီများရရှိနိုင်ရန်အားထုတ်မှုများအား စစ် ကောင်စီက လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ (၂.၂) မိုဘိုင်းဖုန်းဆင်းကဒ်(Sim Card)များ ပြန်လည်မှတ်ပုံတင်ရန် စစ်ကောင်စီ၏ ဆောင်ရွက်မှုများ ၂၀၂၂ ခုနှစ်ကထဲက စတင်လုပ်ဆောင်ခဲ့သည့် မိုဘိုင်းဖုန်းဆင်းကဒ်များ ပြန်လည်မှတ်ပုံတင်ရေးလုပ်ငန်းစဉ်အား ၂၀၂၃ ခုနှစ် ၌လည်း ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။ ဆင်းကဒ်(Sim Card)များကို မှတ်ပုံတင်ရာတွင် အမည်၊ မှတ်ပုံ တင်အမှတ်၊ ဓာတ်ပုံနှင့် လိပ်စာစသည့် ကိုယ်ရေးကိုယ်တာအချက်အလက်အပြည့်အစုံအား ထည့်သွင်းကောက်ခံထားသည်ကို တွေ့ရသည်။ အချို့သော ဆက် သွယ်ရေးအော်ပရေတာ(Operator)များအနေဖြင့် လူမှုကွန်ရက်အကောင့်များကိုပင် ထည့်သွင်းတောင်းဆိုထားသည်ကို တွေ့ရသည်။ https://www.myanmarinternet.info/my/post/blog_014 4/9

Select target paragraph3