၂၁။ သတင်းမီဒီယာ အဖွဲ့အစည်းများ၏ အလွတ်သတင်းထောက်များအပေါ် တာဝန်
မြေပြင်မှသတင်းပေးပို့နေသော အလွတ်သတင်းထောက်များနှင့် သတင်းတာဝန်ခံများအတွက် လုံခြုံ
ရေး လုပ်ထုံးလုပ်နည်းများ ချမှတ်ရန်။ ၎င်းတို့ ဖမ်းဆီးခံရပါက ပူးပေါင်း ကြေညာချက်များ ထုတ်ပြန်
ရန်နှင့် ဆက်လက် စောင့်ကြည့် တောင်းဆိုရန်။ အယ်ဒီတာ့အဖွဲ့များအနေဖြင့် မြေပြင်သတင်းထောက်
များကို ကိုယ်တိုင် ဆင်ဆာဖြတ်တောက်ရန် ဖိအားမပေးမိစေရန်နှင့် အရင်းအမြစ်များကို ကာကွယ်ရန်။
ဆက်စပ် - ၃.၅ (UBNA၊ BNA၊ ဖားကန့် အလွတ်သတင်းထောက်)၊ ၄.၁
၆.၅။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အလှရှင်များသို့
၂၂။ ထောက်ပံ့မှုတွင် လူ့အခွင့်အရေး စံနှုန်းများ ထည့်သွင်းရန်
တော်လှန်ရေး အုပ်ချုပ်ရေးယန္တရားများကို ထောက်ပံ့ရာတွင် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်
ဖော်ပြောဆိုခွင့်ဆိုင်ရာ ကတိကဝတ်များကို အခြေခံစံနှုန်းအဖြစ် ထည့်သွင်းရန်။ ယင်းမာပင်ဖြစ်စဉ်
နှင့် သတင်းသမားများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များကို NUG နှင့် တော်လှန်ရေးအဖွဲ့များနှင့် ဆွေးနွေး
ရာတွင် ထည့်သွင်းမေးမြန်းရန်။
ဆက်စပ် - ၃.၃၊ ၃.၅
၂၃။ ဒေသခံ မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ရေရှည် ထောက်ပံ့ရန်
လွတ်လပ်သော ဒေသခံမီဒီယာများ၊ လူ့ရပိုင်ခွင့် မှတ်တမ်းတင်သူများ၊ သတင်းသမား ကာကွယ်ရေး
ရန်ပုံငွေများနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးလုပ်ငန်းများကို ရေရှည်ထောက်ပံ့ရန်။ စစ်တပ်သာမက ပဋိပက္ခ
တွင် ပါဝင်သူအားလုံး၏ ချုးဖောက်
ိ
မှုများကို မှတ်တမ်းတင်သည့် လုပ်ငန်းများကို အားပေးရန်။
ဆက်စပ် - ၃.၂ မှ ၃.၅ အထိ
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
54
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents