2/24/25, 3:20 PM Digital Hate: Monthly Update for January 2025 မြန်မာနိုင်ငံတွင် အမုန်းစကားနှင့်ပတ်သက်သည့် ယခုလအစီရင်ခံစာတွင် မွတ်စလင်များ၊ ရိုဟင်ဂျာများ၊ PDF များနှင့် အမျိုးသမီးများကို ပစ်မှတ်ထားပြီး အမုန်းစကားဖြန့်ဝေထား ကြောင်း မီးမောင်းထိုးပြထားသည်။ BHRN မှ စုဆောင်းခဲ့သည့် ဒေတာများကိုကြည့်ခြင်း ဖြင့် အမုန်းစကားများသည် အကြမ်းဖက်မှုနဖျင့် ခွဲခြားဆက်ဆံမှုများကို ဆက်လက်တညိ မြဲစေရုံသာမက လူ့အဖွဲ့အစည်းအတွင်း ကွဲလွဲမှုများကို ဖြစ်ပေါ်စေသည်။ မီဒီယာအချို့မှ လဲ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူမျိုးများနှင့် ဌာနေတိုင်းရင်းသားများအကြား ပိုမို စိတ်ဝမ်းကွဲစေရန် ရေးသားမှုများကိုလည်းတွေ့ရှိရသည်။ ဒီဇင်ဘာလအတွင်း အမုန်းစကားဖြန့်ဝေမှုကို ခြုံငုံသုံးသပ်ကြည့်ပါက ရခိုင်ပြည်နယ်ကို အခြေပြုထားသည်ကို တွေ့ရသည်။ စစ်ကောင်စီသည် ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ် အတွင်းမှ အဆိုပါ စစ်ရေးအရ ဆုံးရှုံးမှုကို အရေးပါသည့် စစ်ဒေသ���ျားကို ပြန်လည်ရယူရန် ပြင်းထန်သော လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ထိုးစစ်များကို ပြုလုပ်ခဲ့သလို ပြုန်းတီးနေသော စစ်အင်အားကို ပြန်လည်ဖြည့်တင်းရန်အတွက် ရိုဟင်ဂျာဒုက္ခသည်စခန်း မှ လူငယ်များအား တပ်သားသစ်အဖြစ် စုဆောင်းကာ ရှေ့တန်းဒေသများကို ပို့ ဆောင်ခဲ့ သည်။ အဆိုပါ လုပ်ရပ်အတွက် ရိုဟင်ဂျာများနှင့် ဒေသခံတိုင်းရင်းသားများအကြား အထင်မြင်လွဲမှားမှုဖြစ်ပေါ် ခဲ့သည်။ စစ်တပ်၏ လူသစ်စုဆောင်းခြင်း ပေါ်တာဆွဲခြင်းကြောင့် လက်နက်ကိုင်ဆောင်ခဲ့ရသည့် ရို ဟင်ဂျာများအား ဒေသခံတိုင်းရင်းသားများနှင့် ပြည်မနေသူများက လူမျိုးရေး၊ ဘာသာ ရေးအခြေပြုတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ ရိုဟင်ဂျာများကို တိုက်ခိုက်မှုနှင့်အတူ အ စ္စလာမ်ဘာသာဝင်များအပေါ် ပူးတွဲ အမုန်းစကားဖြန့်ဝေမှုကိုလည်း ပြုလုပ်ခဲ့သည်။ ရိုဟင် ဂျာများသည် အစ္စလာမ်ဘာသာဝင်များဖြစ်သည့်အတွက် အစွန်းရောက် အကြမ်းဖက်မှုကို ပြုလုပ်သူများအဖြစ် ပုံဖော်ထားသည်။ ထို့ ပြင် AA နှင့် ရိုဟင်ဂျာများအကြား ဆက်နွယ်မှုမှာလည်း ယခင်လောက် နီးကပ်မှုမရှိ တော့သည်ကိုလည်း တွေ့မြင်ရသည်။ စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းမှုဒဏ်ခံရ သည့် ရိုဟင်ဂျာများအား ဖိနှိပ်မှုများ ပြုလုပ်လာသည်။ ရိုဟင်ဂျာများအား စစ်ကောင်စီ ထက်ပိုမိုသော ပိတ်ပင်တားဆီးမှုများရှိလာသလို တဖက်တွင်လည်း ဖမ်းဆီးသတ်ဖြတ်မှု များရှိလာသည်။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများသည် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုနှင့် စစ်ရေး တင်းမာမှုတို့ အကြား မြေစာပင် ဖြစ်နေရမြဲပင်ဖြစ်သည်။ စစ်အာဏာရှင် အဆက်ဆက် ၎င်းတို့ ၏ အခွင့်အရေးချိုးဖောက်မှုများမှာလည်း ပြင်းထန်နေဆဲဖြစ်သည်။ ရိုဟင်ဂျာများ https://myemail.constantcontact.com/Digital-Hate--Monthly-Update-for-January-2025-.html?soid=1129958286276&aid=Cmj0phAunzg 33/35

Select target paragraph3