2/24/25, 3:20 PM Digital Hate: Monthly Update for January 2025 မှုများကို ပုံမှန်အဖြစ် မှတ်ယူထားပြီး အမုန်းစကား ကို ပိုမိုပျံ့နှံ့အောင် ဆောင်ရွက်ခဲ့သည်။ ၂။ သုတေသနနည်းနာ အမုန်းစကားသည် စိတ်ခံစားမှု အမုန်းတရားပေါ်မူတည်ပြီး ပေါ်ပေါက်လာသော စကားရပ် ဖြစ်သည့် အလျောက် အဓိပ္ပါယ်ဖွင့်ဆိုရန် ကျယ်ပြန့်ပြီး တိကျသော ဖွင့်ဆိုချက်ဟူ၍ မရှိ ပေ။ သို့ ဖြစ်ရာ ယခုအစီရင်ခံစာ ၏ ရည်ရွယ်ချက်အတွက် အမုန်းစကားဖွင့်ဆိုချက်ကို BHRN မှ အောက်ပါအတိုင်း သတ်မှတ်ထားသည်။ တစ်စုံတစ်ဦး သို့ မဟုတ် အုပ်စုတစ်စုကို ရည်ရွယ်၍ လူတစ်ဦးကို အကာအကွယ်ပြုရမည့် ဝိသေသလက္ခဏာများကို ပြင်းထန်စွာ ဝေဖန်ခြင်း၊ ပြစ်တင်ခြင်း၊ မုန်းတီးခြင်းနှင့် ရန်လို ခြင်း တို့ ကို ခွဲခြားနှိမ့်ချဆက်ဆံမှုများကို ထုတ်ဖော်ပြောဆိုခြင်း၊ စာဖြင့်ရေးသားခြင်း၊ အမူ အယာဖြင့် ဖော်ပြခြင်း၊ အနုပညာဖြင့် ဖော်ပြခြင်းတို့ ကို ဆိုလိုသည်။ လူသားတစ်ဦး၏ ကိုးကွယ်မှု၊ ဘာသာစကား၊ လိင်၊ လိင်စိတ်ခံယူမှု၊ နိုင်ငံသားဇစ်မြစ်၊ တိုင်းရင်းသားဖြစ်မှု၊ အသားအရောင်၊ လူမျိုး၊ ယုံကြည်မှု၊ နိုင်ငံသားဖြစ်မှု၊ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်များ စသည့် မွေးရာပါ အခွင့်အရေးများကို ထိခိုက်ပြောဆိုခြင်းတို့ ကိုဆိုလို ပါသည်။ လေ့လာမှုတွင် တွေ့ရှိသည့် အမုန်းစကာ များကို အောက်ပါအတိုင်းပြန်လည် ခွဲခြားပါသည်။ အပြစ်သားများအဖြစ်ပုံဖော်ရေးသားသည့် အမုန်းစကားများ၊ နိုင့်ထက် စီးနင်းပြောဆို သည့်အမုန်းစကားများ၊ လူအဖြစ်မှ နှိမ့်ချဆက်ဆံသည့် အမုန်းစကားများ၊ ဆူပူအကြမ်းဖက်မှုကို အားပေးသည့် အမုန်းစကားများ၊ ခြိမ်းခြောက်မှုအဖြစ်ပုံဖော်ရေး သားသည့်အမုန်းစကားများ၊အကြမ်းဖက်မှုနှင့်အမုန်းစကားကြောင့် ကျူးလွန်သည့် လုပ်ရပ်များကို ဂုဏ်ယူစရာအဖြစ်ရေးသားသည့်အမုန်းစကားများ စသည်တို့ ဖြင့် အမျိူး အစားခွဲခြားထားပါသည်။ BHRN သည် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးစစ်ရေးတင်းမာမှုများဖြစ် ပေါ်နေချိန်တွင် စစ်တပ်နှင့် ၎င်း၏ ဝါဒဖြန့်ချန်နယ်များမှ ဖြန့်ဝေနေသည့် သတင်း အကြောင်းအရာများ တွင် ပါဝင်သည့် အမုန်းစကားအသုံးအနှုန်းများကို နေ့စဥ်လေ့လာ စောင့်ကြည့်မှတ်တမ်းတင်ထားပါသည်။ အမုန်းစကားများ ဖြန့်ဝေရန်အတွက် စစ်အစိုးရနှင့် ထောက်ခံသူများ အသုံးပြုနေသည့် အွ န်လိုင်းနှင့် ပုံနှိပ်မီဒီယာတို့ ကို စောင့်ကြည့်ခြင်းဖြင့် ဤအစီရင်ခံစာကို စုစည်းထားပါသည်။ https://myemail.constantcontact.com/Digital-Hate--Monthly-Update-for-January-2025-.html?soid=1129958286276&aid=Cmj0phAunzg 22/35

Select target paragraph3