Burma Affairs & Conflict Study Contact: info@burmaacs.org စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်နေမှု အခြေအနေများ ပစ်မှတ်ထားခံရနိုင်သည့် ဦးတည်အုပ်စု၊ ဒေသများနှင့် ပြည်သူများ၏ တုံ့ပြန်မှု နောက်ခံအကြောင်းအရင်း အချက်အလက် နို င်ငံ တဝန်း စစ်မျက်နှာပေါင်းစုံ ဖွင့်ထားရသည့် စစ်ကောင်စီသည် အာဏာသိမ်းပြီး ၃ နှ စ် ကျော်ရှိလာ သည်နှ င့်အတူ စစ်သားစု ဆောင်း မရသည်များ၊ တို က်ပွဲများအတွင်း စစ်အင်အားပြုန်းတီးမှုများစွာကို ကြုံ တွေ့လာရသည်။ တချိန်က ၎င်းတို့၏ စစ်သည်အရင်းအမြစ် အဓိကရရှိရာ အညာဒေသသည် ၎င်းတို့ ကို လက်နက်ကို င်၍ ပြန်လည်တွန်းလှ န်နေသည့်အပြင် နို င်ငံ တဝန်းတို က်ပွဲများအတွင်း စစ်သည်အင်အား ပြုန်းတီးမှုသည်လည်း တဆထက်တဆ များပြားလာနေသည်။ အဆိုးဆုံးအခြေအနေသည် ၂၀၂၃ ခု နှ စ်၊ အောက်တို ဘာလတွင် စတင်ခဲ့ သည့် ၁၀၂၇ စစ်ဆင်ရေးတွင်ဖြစ်သည်။ မြောက်ပို င်း ညီနောင်မဟာမိတ် များ၏ စစ်ဆင်ရေးကြောင့် ထွက်ပြေးခြင်း၊ တို က်ပွဲတွင်း စစ်ကောင်စီတပ်များ သေဆုံး၊ အင်အားအလုံးအရင်းဖြင့် ဒဏ်ရာရခြင်းများ စံ ချိန်တင်များပြားခဲ့ ပြီး လက်နက်ချခြင်း၊ နှ စ်ပေါင်းများစွာ အခို င်အမာရပ်တည်ခဲ့ သည့် စစ်တပ်တခု အနေဖြင့် တခဏအတွင်း ပြိုဆင်းလာခဲ့ သည်။ စစ်ကောင်စီသည် ၎င်းတို့လို အပ်သည့် စစ်အင်အားများ အမြန်ဆုံး ပြန်လည်ဖြည့်တင်းနို င်ရန်အတွက် အတင်းအဓမ္မဖမ်းဆီး ပေါ်တာဆွဲခြင်း၊ ပြည်သူ့စစ်စု ဆောင်းခြင်းများ တိုးမြှ င့် လု ပ်ဆောင်လာသည့်အပြင် ခေတ်အဆက်ဆက် ကျင့်သုံးခြင်းမရှိခဲ့ သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းကာ လူ ငယ်များကို အတင်းအဓမ္မ စစ်သားစု ဆောင်းရန် လု ပ်ဆောင်လာခဲ့ သည်။ အမှတ် ၁ အရာခံအကြပ်ကြီးသင်တန်းကျောင်း (ဗထူး) တွင် စစ်မှု���မ်း စုဆောင်းခံရသူများကိုတွေ့ရစဉ် (ဓာတ်ပုံ - စစ်ကောင်စီ)

Select target paragraph3