စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း Burma Affairs & Conflict Study Contact: info@burmaacs.org အစီရင်ခံစာမိတ်ဆက် ၂၀၂၃ ခု နှ စ်အတွင်း စစ်ရေး အကြီးအကျယ်ရှုံးနိမ့်ပြီး နယ်မြေလက်လွှတ်ရသည်များနှ င့်အတူ လက်နက်ချခြင်းနှ င့် တို က်ပွဲအတွင်း ထိခို က်၊ သေဆုံးမှု များပြားခြင်းကြောင့် စစ်အင်အား လို အပ်ချက် မြ င့်မားလာသည့် စစ်ကောင်စီသည် ၂၀၂၄ ခု နှ စ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ခေတ်အဆက်ဆက် အသုံးပြု ခြင်းမရှိခဲ့ သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး အဓမ္မစစ်သားစု ဆောင်းရန် ကြိုးပမ်းလာခဲ့ သည်။ လူ ငယ်များကို ပစ်မှ တ်ထားသည့်အပြင် စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် တရားမဲ့ ဖမ်းဆီးမှု များပါ ရှိလာသည့်အတွက် လူ ငယ်များ၏ စိုးရိမ်စိတ် မြင့်တက်လာကာ ရှောင်တိမ်းရန် ကြိုးစားလာကြရ သည်။ စစ်ကောင်စီသည် ၎င်း၏ အခြေခံ အကျဆုံး ယန္တရားဖြစ်သည့် ရပ်ကျေးအု ပ်ချုပ်ရေးမှုးများဖြင့် စစ်မှုထမ်း အကောင်အထည်ဖော်နို င်ရေး ခြေလှ မ်းသွက်သွက်ဖြင့် လျင်မြန်စွာဆောင်ရွက်ခဲ့ သည်။ ထို့နောက် ၂ လ အတွင်း လူ ဦးရေ ၅၀၀၀ ကို စု ဆောင်းကာ ပထမအသု တ်အဖြစ် စစ်မှုထမ်းစတင်ခေါ် ယူ ခဲ့ သည်။ ဤအစီရင်ခံ စာတွင် စစ်ကောင်စီ၏ စစ်မှုထမ်းယန္တရားအကောင်အထည်ဖော်ရာတွင် ပစ်မှ တ်ထားခံ ရနို င် သည့် အသက်အရွယ်အပို င်းအခြား အု ပ်စု များဖြစ်တန်ခြေကို သတင်းမီဒီယာများနှ င့် စစ်ကောင်စီထု တ် ပြန်ချက်များမှ တဆင့် လေ့ လာကာ သုံးသပ်တင်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ၏ စစ်မှုထမ်း သင်တန်းကျောင်းများနှ င့် စု ဆောင်းထားသည့်အင်အား ပမာဏများကို လည်း လေ့ လာဖော်ပြထားသည်။ စစ်ကောင်စီသည် စစ်မှုထမ်းခေါင်းစဉ်ဖြင့် စစ်သားစု ဆောင်းခြင်း တခု တည်းမဟု တ်ဘဲ ပြည်သူ့စစ် (ပျူ စောထီး) အဖြစ် အင်အားစု ဆောင်းခြင်း၊ တပ်သားသစ်စု ဆောင်းခြင်း တနည်းအားဖြင့် ပေါ်တာဆွဲခြင်း များလည်း လု ပ်ဆောင်နေသည်။ အဆို ပါ အခြေအနေများကို လည်း လေ့ လာဖော်ပြထားပြီး ထို ကဲ့ သို့ နည်းပေါင်းစုံ ဖြင့် အင်အားစု ဆောင်းမှုများကြောင့် လူ ငယ်များ၏ နေရပ်စွန့်ခွာထွက်ပြေးရသည့် အခြေအနေများကို လည်း လေ့ လာဖော်ပြထားသည်။ BACS သည် မီဒီယာများနှ င့် စစ်ကောင်စီ၏ ထု တ်ပြန်ချက်များမှ တင်ဆင့် အချက်အလက် စု ဆောင်း ကာ လေ့ လာသုံးသပ်ခဲ့ သည့်အပြင် မိတ်ဖက်အဖွဲ့အစည်း တခု နှ င့် ပူးပေါင်းပြီး အွန်လို င်းမှ တဆင့် ရပ်ကွက်၊ ကျေးရွာ တခု ချင်းစီ၏ စစ်မှုထမ်းအကောင်အထည်ဖော်မှု အခြေအနေကို စာရင်းကောက်ယူ စု ဆောင်းခဲ့ ပြီး နို င်ငံ တဝန်းမြို့နယ်ပေါင်း ၁၇၄ မြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာပေါင်း ၄၉၈ ခု ကို စာရင်း ရယူ နို င်ခဲ့ ပြီး အဆို ပါ အချက်အလက်များကို အခြေခံ ကာ လေ့ လာသုံးသပ်မှုများလည်း ပြုလု ပ်ခဲ့ သည်။ အဓိကအားဖြင့် ရပ်ကျေးအု ပ်ချုပ်ရေးမှုးများ၏ အကောင်အထည်ဖော်နို င်မှု၊ မဲနှိုက်ရွေးချယ်ခြင်း၊ ပါဝင်ဆောင်ရွက်နို င်မှုနှ င့် လူ စားထိုးခြင်း စသည့် စစ်မှုထမ်း အချက်အလက်များနှ င့် ပတ်သက်သည့် သုံးသပ်တင်ပြမှုများနှ င့် ငွေက���ေးကောက်ခံ မှုများကို ပါ လေ့ လာဖော်ပြထားသည်။

Select target paragraph3