စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း
Burma Affairs & Conflict Study
Contact: info@burmaacs.org
လက်ရှိတွင် စစ်ကောင်စီသည် ပြည်သူ့စစ် (ပျူစောထီး) များကို လက်နက်တပ်ဆင်ခြင်းများ ဆက်တို က်
ပြုလု ပ်နေပြီး၊ ရှေ့တန်းသို့ပို့ဆောင်ခြင်းများပင် ရှိနေသည်။ ရခို င်ပြည်နယ်တွင် ရို ဟင်ဂျာများကို နှ စ်ပတ်
သင်တန်းပေးကာ အာရက္ခတပ်တော် AA နှ င့် တို က်ခို က်ခို င်းသည်ကို
တွေ့နို င်သည်။ ထို့ကြောင့်
စစ်မှုထမ်းကိစ္စနှ င့်အတူ ပြည်သူ့စစ် စု ဆောင်းမှုများကို လည်း သတိထား ကာကွယ်ရမည် ဖြစ်သည်။
စစ်ကောင်စီသည် စစ်မှုထမ်းအတွက် လူ ရွေးချယ်ရာတွင် မဲနှိုက်ခြင်းဖြင့် အဓိက လု ပ်ဆောင်သည်ကို တွေ့
ရမည်ဖြစ်သည်။ စစ်ကောင်စီသည် ပထမအသု တ် စစ်မှုထမ်းခေါ်ရာတွင် ကို ယ်တို င် ဆန္ဒပြုသူ များကို သာ
ခေါ်ယူ သည်ဟု ဝါဒဖြန့် ပြောဆို နေသော်လည်း လက်တွေ့တွင် မဲနှိုက်ရွေးချယ်ခြင်းများကို အဓိကတွေ့ရ
သည်။ စစ်ကောင်စီသည် ပထမအသု တ် လူ ၅၀၀၀ ရွေးချယ်ပြီး နို င်ငံ တဝန်းလုံးရှိ သင်တန်းကျောင်း
ပေါင်း
၁၅
ကျောင်းကို
ပို့ဆောင်ခဲ့ ကြောင်း
တွေ့ရသည်။
တပ်မတော်တန်းမြင့်သင်တန်းကျောင်း
(တတက)၊ စစ်အခြေခံ လေ့ ကျင့်ရေးတပ် (စခတ) များကို အဓိက ပို့ဆောင်သည်ကို တွေ့ရပြီး အခြားတပ်
များဖြစ်သည့် တပ်မတော်ကွန်ပျူတာနှ င့် နည်းပညာသိပ္ပံ (တကန-ဟို ပုံး) နှ င့် အမှ တ် (၁) တပ်မတော်
အရာခံ နှ င့် အကြပ်ကြီးသင်တန်းကျောင်း (ရကသ - ၁) ကို လည်း ပို့ဆောင်ခဲ့ ကြောင်း တွေ့ရသည်။ စစ်
ကောင်စီလက်အောက်တွင် သင်တန်းကျောင်းများစွာ ကျန်ရှိနေသေးပြီး နောက်ထပ်ခေါ်ယူ မည့် အသု တ်
များမှ လူ များကို ကျန်ရှိသည့် သင်တန်းကျောင်းများသို့ ခွဲပို့နို င်ခြေ ရှိသည်။
ပြည်သူ များအနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူ မှုများကို အသာတကြည်လက်ခံ နေခြင်းမျိုး မဟု တ်
ဘဲ ၎င်းတို့တတ်နို င်သ၍ ဆန့်ကျင်မှုများ ပြုလု ပ်နေသည်။ အဓိကအားဖြင့် စစ်မှုမထမ်းရရန် နေရပ်စွန့်ခွာ
ရှောင်တိမ်းမှုများကို ပြုလု ပ်နေကြသည်။ ပြည်ပနို င်ငံ များသို့ ထွက်ခွာခြင်းအပါအဝင် လွတ်မြောက်ဒေသ
များတွင်ခို လှုံ ခြင်း၊ PDF တပ်များသို့ ဝင်ရောက်ကာ စစ်ကောင်စီကို ပြန်လည်တို က်ထု တ်ရန် လု ပ်ဆောင်
နေခြင်းများကို တွေ့ရသည်။ စစ်ကောင်စီသည် ပို မို ကြမ်းတမ်းသည့် စု ဆောင်းမှုများကို လု ပ်ဆောင်လာပါ
က PDF တပ်များနှ င့် ခို လှုံ ရာနေရာများသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာနို င်သောကြောင့် အလုံးအရင်း
ဝင်ရောက်လာသူ များကို ကောင်းစွာစီမံ ခန့်ခွဲနို င်ရေး စိန်ခေါ်မှုများနှ င့် ငွေကြေး/ရိက္ခာလို အပ်ချက် ပို များ
လာနို င်သည်။
စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူ မှုကို တုံ့ ပြန်ကြရာတွင် အမြင့်ဆုံးအနေဖြင့် စစ်မှုထမ်း
စာရင်းထည့်သွင်းခံ ရသူ တချို့ မိမိကို ယ်ကို ယ် သတ်သေသည်အထိ တုံ့ ပြန်မှုများပင်ရှိသည်။ ထို့အပြင်
ပူးပေါင်းဆောင်ရွက်ခြင်းမပြုသည့် နည်းလမ်းကို လည်း အသုံးပြုကြသည်။ ဒေသအချို့တွ င် ပြည်သူ များက
အစည်းအဝေးမတက်ရောက်ခြင်းနှ င့် စာရင်းကောက်ခြင်း၊ လူ ရွေးချယ်ခြင်း လု ပ်ငန်းစဉ်များတွင် မပူးပေါင်း
ဘဲ ကန့်ကွက်ခဲ့ ကြသည်များလည်း တွေ့ရသည်။ ဒေသအချို့တွ င် ရပ်/ကျေး အု ပ်ချုပ်ရေးမှူးများ အစု လို က်
အပြုံ လို က်
နု တ်ထွက်နေကြသည်။
စစ်မှုထမ်းလု ပ်ဆောင်ချက်များတွင်
ကောင်စီ၏
ထို့ကြောင့်
ပြည်သူ များ
မပူးပေါင်းကြရန်
စစ်မှုထမ်းလု ပ်ငန်းစဉ်များတွင်
စု စည်းညီညွတ်စွာဖြင့်
စစ်ကောင်စီ၏
ရပ်/ကျေးအု ပ်ချုပ်ရေးမှုးများသည်လည်း
မပူးပေါင်းကြရန်
ကျယ်ကျယ်ပြန့်ပြန့်
စစ်
စည်းရုံးလှုံ့ဆော်မှု
များသည်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းလု ပ်ငန်းစဉ် တို က်ဖျက်ရေးတွင် ထိရောက်သည့် နည်းလမ်းတခု
ဖြစ်ပါသည်။