ပြုစုရာတွင် တွေ့ရှိရပါသည်။ သို့ရာတွင် အိုင်စီတီနည်းပညာများမှ အသုံးပြုသူများအား အန ရ
္တာယ်များ သယ်လာ
နိုင်သည်ကိုသော်လည်းကောင်း တိုင်းပြည်အတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းကောင်းများကို သယ်ဆောင်
လာနိုင်သည်ကိုလည်းကောင်း သုံးစွဲသူများ နားလည်မှုနည်းပါးသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်
နည်းပညာ နားလည်တတ်မြောက်နှုန်း (digital literacy) သည် လွန်စွာ နိမ့်ပါးသည်ကိုတွေ့ရသည်။ ယင်းအချက်သည်
နိုင်ငံတကာဥပဒေနှင့် စံချိန်စံညွှန်းများမှ နားလည်လက်ခံထားသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များလုံခြုံရေး
ဆိုင်ရာ သဘောတရားများကို အကျွမ်းတဝင်မရှိခြင်းကို ပြသနေပါသည်။ အပြင်လောကတွင် ကိုယ်ရေးကိုယ်တာ
ကိစ္စရပ်များကို ထိန်းသိမ်းထားရှိခြင်း သဘောတရားကို လက်ခံနားလည်မှုနည်းသည့် တိုင်းပြည်တစ်ခုဖြစ်ရာ၊ ဒစ်ဂျစ်
တယ်နည်းပညာဆိုင်ရာ ကိုယ်ရေးကိုယ်တာကိစ္စရပ်၊ အချက်အလက်များ လုံခြုံရေးနှင့် သတင်းအချက်အလက်များ
ကာကွယ်ရေးသဘောတရားများကို အသုံးပြုသူများကြား သိရှိသူများလာအောင် လုပ်ဆောင်နိုင်ရေးသည် လွန်စွာ
အရေးကြီးပါသည်။
MCRB, IHRB နှင့် DIHR တို့မှ ပြုလုပ်သည့် အခြား SWIA များအတိုင်း လေ့လာမှုများတွင် - အထူးသဖြင့်
ကွန်ရက်တပ်ဆင်သောလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် - ကုမ္ပဏီများသည် ဒေသခံပြည်သူများနှင့်
အလုပ်သမားများအား နှစ်ဖက်အပြန်အလှန် ဆက်သွယ် ဆွေးနွေးဆောင်ရွက်ခြင်းများ မရှိသလောက် အားနည်းနေ
သည်ကို တွေ့ရပါသည်။ အဆိုပါအချက်သည် လက်နက်ကိုင် ပဋိပက္ခဖြစ်နေသော ဒေသများအပါအဝင် အထူးသဖြင့်
တိုင်းရင်းသားဒေသများအတွက် လွန်စွာ အရေးကြီးပါသည်။ တိုင်းရင်းသားလူမျိုးစုများ နေထိုင်သော နယ်မြေများရှိ
သက်ဆိုင်ရာ တာဝန်ရှိလူပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ထိတွေဆက်ဆံသည့် လုပ်ငန်းများကို အချိန်ယူလုပ်ကိုင်ရေးမှာ
အထူးပင် အရေးကြီးပါသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် ဒေသတွင်းဆက်ဆံမှု အခြအနေများအား ပိုမိုပြည့်ပြည့်စုံစုံ
နားလည်သိရှိအောင် လုပ်ဆောင်ခြင်းဖြင့် ဖြစ်ထွန်းလာမည့် အိုင်စီတီနည်းပညာလုပ်ငန်းများအပေါ် ဒေသခံများတွင်ရှိ
နိုင်သည့် စိုးရိမ်ပူပန်မှုများနှင့်မေးခွန်းများကို အိုင်စီတီကုမ္ပဏီများက သိရှိနားလည်စေနိုင်ပါသည်။ အချို့သော တိုင်း
ရင်းသားဒေသများ၌ ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ကွန်ရက် တပ်ဆင်သည့်လုပ်ငန်းများ
ပိတ်ဆို့ခံရခြင်း၊ နှောင့်နှေးခြင်း သို့မဟုတ် ရပ်တန့်ခံရခြင်းတို့ ဖြစ်ပေါ်နိုင်ရာ ယင်းအခြေအနေသည် နည်းပညာသုံးစွ���
နားလည်မှုပိုင်းတွင် ကွာဟမှုများကို ပို၍နက်ရှိုင်းသွားစေနိုင်ပြီး၊ ပဋိပက္ခ ဖြစ်ပွားသည့်ဒေသများသည် အိုင်တီစီ
ကဏ္ဍများမှ ရရှိနိုင်သော အကျိုးကျေးဇူးများ မခံစားရဘဲ တိုးတက်မှု မညီမျှမှုကို ဖြစ်နေမှုများကို ပို၍ ဆိုးရွားစေနိုင်
ပါသည်။
အိင
ု စ
် တ
ီ က
ီ ဏ္ဍ၏ သက်ရောက်မအ
ှုား လေ့လာဆန်းစစ်ခြင်း (SWIA) မှ ပေါ်ထွကလ
်ာသည့် အဓိက
အကြောင်းအရာ ငါးရပ်မူဝါဒ၊ ဥပဒေနှင့် စည်းမျဉ်းမူဘောင်များ၌ လစ်ဟာနေမှုများ - မြန်မာနိုင်ငံတွင် အိုင်စီတီကဏ္ဍမှ ထွက်ပေါ်လာ
နိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုအန္တရာယ် အများစုအတွက် ခေတ်ကာလနှင့် လျော်ညီသော ဥပဒေ
များ မရှိသေးပါ။ ခေတ်မီဥပဒေမူဘောင်များ လိုအပ်နေသည့် ကိစ္စရပ်များတွင် ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်း၊
ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက် လုံခြုံရေး၊ သတင်းအချက်အလက် ရယူအသုံးပြုနိုင်ခွင့်၊ အသိ
အမှတ်ပြု လက်မှတ်ထုတ်ပေးသည့် အဖွဲ့အစည်းများ၊ ဆိုက်ဘာလုံခြုံရေး၊ အချက်အလက် လုံခြုံရေးနှင့် ဆိုက်ဘာ
မှုခင်းများ စသည်တို့ ပါဝင်သည်။ မြန်မာနိုင်ငံတွင် လစ်ဟာနေသော စည်းမျဉ်းစည်းကမ်းများအတွက် အခြား
နေရာဒေသများတွင် ကျင့်သုံးသော အဆိုး၊ အကောင်း အတွေ့အကြုံများမှ သင်ခန်းစာယူပြီး လူ့ခွင့်အရေးဆိုင်ရာ
အချက်များကို အခြေခံသည့် ချဉ်းကပ်မှုဖြင့် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပါသည်။
ရယူသုံးစွဲနိုင်မှု - လူတိုင်းအင်တာနက်နှင့် ဆက်သွယ်ရေးကွန်ရက်များကို ချိတ်ဆက်မှုရရှိစေမှု (universal access) နှင့် အိုင်စီတီဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်မှု ရရှိအောင်မြင်စေရေးနှင့် ဝန်ဆောင်မှုဈေးနှုန်းများ လျော့ချ
နိုင်စေမည့် ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကျက်တည်ဆောက်နိုင်ရေးနှင့် အားကောင်းသည့် ပြိုင်ဆိုင်မှုများဖြစ်
ပေါ်လာရေးကို အားပေးမည့် ရင်းနှီးမြှုပ်နှံမှုများအတွက် လက်ရှိအခြေအနေသည် အခွင့်အလမ်းကောင်းတစ်ရပ်
ကို ဖန်တီးပေးနေပါသည်။ သတင်းအချက်အလက်များကို ရယူရာတွင် အထောက်အကူဖြစ်စေပြီး ရှာဖွေရ
အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ
5