အရေးဆိုင်ရာ အကျိုးသက်ရောက်မှုလေ့လာရာတွင် အချို့သောလုပ်ငန်းများတွင် သိသာထင်ရှားသည့် လူ့အခွင့်
အရေး ချိုးဖောက်မှုများရှိနေသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဆက်သွယ်ရေးတိုင်များ ဆောက်လုပ်တပ်ဆင်
ခြင်းနှင့် ဖိုင်ဘာကြိုးများသွယ်တန်းသည့် လုပ်ငန်းများတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး လိုက်နာမှုမရှိခြင်းနှင့်
အချို့နေရာများတွင် အလွန်ဆိုးရွားသည့် လုပ်ငန်းခွင်ပုံစံမျိုးအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တွေ့ရပါ
သည်။
ရေတို အလုပ်အကိုင် အခွင့်အလမ်းများသည် ကျွမ်းကျင်မှုမရှိသော အလုပ်သမားများနှင့် အလုပ်သင် အလုပ်သမား
များအတွက် အများရှာဖွေနေသည့် အလုပ်အကိုင်များ ရရှိစေသည်။ သို့သော် အဆိုပါလုပ်ငန်းအများစုသည် ယာယီ
အလုပ်များသာဖြစ်ပြီး၊ တခါတစ်ရံတွင် ကြမ်းတမ်းသော လုပ်ငန်းခွင်အခြေအနေအောက်တွင် လုပ်ကိုင်ရခြင်းမျိုး
ဖြစ်သလို အလုပ်သမားများမှာ လုံလောက်ကောင်းမွန်သော ဝင်ငွေမျိုးလည်း မရရှိကြပေ။ ရေရှည်တွင် အိုင်စီတီကဏ္ဍ
သည် အလုပ်အကိုင်အခွင့်အလမ်း များစွာပေါ်ထွန်းလာနိုင်သော်လည်း ယင်းသို့ ပေါ်ထွန်းလာသော လုပ်ငန်းများကို
ဖြည့်ဆည်းလုပ်ကိုင်နိုင်ရန် အလုပ်သမားများ၏ ကျွမ်းကျင်မှုနှင့်စွမ်းဆောင်ရည်များ တိုးမြှင့်လာအောင် လုပ်ဆောင်ပေး
ရန်လအ
ို ပ်သည်။ ယှဥြ် ပိုင်မအ
ှုားများသည် ဈေးကွကအ
်ား မောင်းနှငသ
် ည်ဆသ
ို ည်အ
့ တုင
ိး လက်ကင
ို ဖ
် န
ုး ဆက်သယ
ြ ေ
် ရး
ကွန်ရက်များကို အလျင်အမြန် ယှဉ်ပြိုင်ဆောက်လုပ်ကြသည့်အခါ မြန်မာနိုင်ငံအတွင်း တာဝန်ယူမှုရှိသော စီးပွားရေး
လုပ်ဆောင်မှုစံနှုန်းများ ကျင့်သုံးရန် စေ့ဆော်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
စီးပွားရေးလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) သုတေသနလုပ်ငန်းကို ၂ဝ၁၄
ဇူလိုင်လတွင် စတင်လုပ်ကိုင်ခဲ့ရာ ယင်းအချိန်သည် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်ရရှိသူများသည် ကွန်ရက်တပ်ဆင်
နိုင်ရေးနှင့် ၄င်းတို့ကွန်ရက်အသစ်များကို စတင်အသုံးပြုရန် မိတ်ဆက်နိုင်ရေး အချိန်လုံလောက်စွာ မရသော ဖိအား
များအောက်တွင် လုပ်ကိုင်နေကြရသော အချိန်ဖြစ်ပေသည်။ သို့သော်လည်း တချို့သော စီးပွားရေးလုပ်ငန်းကြီးများ
သည် မိမိတို့၏ ကိုယ်ပိုင်လိုက်နာကျင့်သုံးသည့် စံနှုန်းများထားရှိသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ၄င်းတို့အနေဖြင့်
ယင်းကဲ့သို့သော ခက်ခဲသည့်အခြေအနေ၌ပင် ခိုင်ခိုင်မာမာ လိုက်နာလုပ်ကိုင်ရန် ဆန္ဒရှိပြီး၊ လုပ်ဆောင်လိုပါက
အိုင်စီတီကဏ္ဍတွင် တာဝန်ယူမှုရှိသော စီးပွားရေးအလေ့အကျင့်များ ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာရေး လုပ်
ဆောင်နိုင်သည်ကို တွေ့ရှိရသည်။ အိုင်စီတီ ကဏ္ဍအတွင်းရှိ လူ့အခွင့်အရေး လေးစားလိုက်နာရာတွင် ကြုံတွေ့ရသည့်
အဓိကစိန်ခေါ်မှုအချို့ကို ကိုင်တွယ်ဖြေရှင်းသည့် နိုင်ငံတကာတွင် အစပြုလုပ်ဆောင်ချက်များမှ အတွေ့အကြုံ
သင်ခန်းစာများသည် မြန်မာနိုင်ငံအတွက်လည်း အသုံးဝင်နိုင်ပါသည်။ ဤစီးပွားရေးလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှု
များအား လေ့လာဆန်းစစ်ခြင်း (SWIA) လုပ်ငန်းစဉ်သည် ကဏ္ဍအတွင်း ထိခိုက်မှု အန္တရာယ်အချက်များကို ဖော်ထုတ်
ထင်ရှားစေပြီး၊ လ���်တွေ့ဖြစ်ပေါ် သက်ရောက်ခြဲ့ ပီးသော ဖြစ်ရပ်နမူနာများကို မြင်သာအောင် ထုတန
် တ
ှု က
်ာ၊ အိင
ု စ
် တ
ီ
ကဏ္ဍလည်ပတ်မှုနှင့် ဆက်စပ်သည့် အခြင်းအရာများထဲမှ အတုယူသင့်သော သင်ခန်းစာများကို လေ့လာနိုင်စေရန်
ရည်ရွယ်ပါသည်။
လူမှုအဖွဲ့အစည်းများ
သုတေသနပြုလုပ်ရာတွင် အိုင်စီတီကဏ္ဍရှိ ရှုပ်ထွေးပြီး နည်းပညာဆိုင်ရာ လူ့အခွင့်အရေးကိစ္စရပ်များကို သိရှိနားလည်
သည့် အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် သတင်းမီဒီယာ အဖွဲ့အစည်း
များမှာ အလွန်နည်းပါးသည်ကို တွေ့ရှိရပါသည်။ ဤလေ့လာဆန်းစစ်ခြင်း (SWIA) လုပ်ငန်းစဉ်မှ အဆိုပါ အဖွဲ့အစည်း
များကြားတွင် ပိုကျယ်ပြန့်သည့် အသိပညာပေးမှုများ ပြုလုပ်နိုင်ရန်ကိုလည်း ရည်ရွယ်ပါသည်။
အိုင်စီတီအသုံးပြုသူများနှင့် လူမှုအသိုင်းအဝန်းများ
လက်ကိုင်ဖုန်း ဆက်သွယ်ရေးနှင့် အင်တာနက် ရယူအသုံးပြုရန် - အထူးသဖြင့် လျင်မြန်စွာ တိုးပွားလာနေသည့် လူမှု
ကွန်ရက်ဝန်ဆောင်မှုအား ချိတ်ဆက်ရယူအသုံးပြုနိုင်ရန် - အတွက် ပြင်းပြသည့်ဆန္ဒ ရှိနေကြသည်ကို သုတေသန
4
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း