မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီများအတွက် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အလေ့အထများ၏ စံချိန်စံညွှန်းများကို ချမှတ်နိုင်ရေးအတွက် မြန်မာအစိုးရအား ထောက်ပံ့ပေးသွားရန် (အထက် တွက် ပါရှိသော မြန်မာအစိုးရအတွက် တိုက်တွန်းအကြံပြုချက်များတွင် ကြည့်ရန်) ၃။ မြန်မာနိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူ ညီချက်များသည် တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ အလေ့အထများကို အားဖြည့်ပေးနိုင်ရေး သေချာစေရန်။ ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်ချက် အခြေခံမူများ - မူဝါဒများ သဟဇာတ ဖြစ်ရေးအတွက် သေချာစေရန်။ ၉။ နိုင်ငံများအနေဖြင့် ဥပမာ ရင်းနှီးမြှုပ်နှံမှုစာချုပ်များ သို့မဟုတ် သဘောတူစာချုပ်များ ပြုလုပ်ချုပ်ဆိုခြင်း အစရှိသဖြင့် အခြားနိုင်ငံများ (သို့မဟုတ်) စီးပွားရေးလုပ်ငန်းများနှင့်အတူ စီးပွားရေးနှင့်ဆက်နွှယ်သော မူဝါဒရည်မှန်းချက်များ အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်ကြရာတွင် ၎င်းတို့၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့် ဆည်းဆောင်ရွက်ပေးရန် လုံလောက်မှုရှိသော ပြည်တွင်းမူဝါဒကို ထိန်းသိမ်းဆောင်ရွက်သင့်သည်။ အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးလွတ်လပ်ခွင့်နှင့် အခြားသော နိုင်ငံတကာစီးပွားရေး သဘောတူည���ချက်များသည် နိုင်ငံများ၏ လူ့အခွင့်အရေးများအပေါ် သဘောတူထားသည့် လိုက်နာရန်ဝတ္တရားများနှင့် ကုလသမဂ္ဂ၏ စီးပွား ရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်ချက် အခြေခံမူများအား ကိုးကားမှုများ အပါအဝင် နိုင်ငံ တစ်ခုခြင်း၏ သို့မဟုတ် ဥရောပသမဂ္ဂကဲ့သို့ နိုင်ငံများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၏ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် သဟဇာတဖြစ်စေရေးကို သေချာစေရန်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊ လူမှုရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုများကို တိုးတက်စေနိုင်ရေး ပြည်တွင်းမူဝါဒများကို အနာဂါတ်တွင် ပြောင်းလဲစေနိုင်ရေးအတွက် လုံလောက်သည့် “မူဝါဒ ကွက်လပ် (policy space)“ (သဘောတူညီချက်အား တရားဝင်လုပ်ဆောင်ပြီးသည့်နောက်တွင် မူဝါဒကို လွတ်လပ်စွာ ပြုပြင်ရေးဆွဲနိုင်ခြင်းနှင့် ရွေးချယ်နိုင်စေခြင်း) ကို အုပ်စုတစ်ဖက်စီမှ ၎င်းတို့၏ သဘောတူညီချက်ထဲ၌ ချန်လှပ်ထားရေးကို သေချာစေရန်။ အဆိုပါ သဘောတူညီချက်များသည် ကောင်းမွန်သည့် အုပ်ချုပ်ရေးနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အလေ့အကျင့်များကို ကန့်သတ်ခြင်းထက် ပံ့ပိုးဖြည့်ဆည်းနိုင်ရေးကို အစိုးရများမှ သေချာစေရန် လုပ်ဆောင်သင့်ပါသည်။ 36 မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

Select target paragraph3