ပညာပေးလှုပ်ရှားမှုများ စသည်တို့အပါအဝင် သတင်းအချက်အလက်များကို မြန်မာဘာသာစကားနှင့် အခြားဘာသာ
စကားများဖြင့်ပါ ရရှိနိုင်အောင် ဆောင်ရွက်ပေးနိုင်ပါသည်။
၅။ အိုင်စီတီကဏ္ဍနှင့်ပတ်သက်၍ သတင်းမီဒီယာများတွင် တိုးမြှင့်ဖော်ပြရန်
မြန်မာနိုင်ငံအတွက် အိုင်စီတီကဏ္ဍ၏ အရေးပါမှုကိုထောက်ရှု၍ သတင်းမီဒီယာများသည် အိုင်စီတီကဏ္ဍနှင့် ၄င်း၏
သက်ရောက်မှုများအကြောင်းကို သိရှိလေ့လာကာ သတင်းပေးပို့ခြင်းများကို တိုးမြှင့်လုပ်ဆောင်သင့်ပါသည်။ သို့မှသာ
ပွင့်လင်းမြင်သာမှု၊ ကုမ္ပဏီနှင့် အစိုးရ၏တာဝန်ယူ တာဝန်ခံမှုနှင့် ပြည်သူလူထု၏ နားလည်မှု တိုးပွားလာစေမည်
ဖြစ်သည်။ ထိုသို့ သတင်းရေးသားပေးပို့ရာတွင် ဥပမာ အစိုးရမှလုပ်ဆောင်နေသော ဥပဒေအနှင့်အညီ ကြားဖြတ်
ရယူခြင်းဆိုင်ရာ မူဝါဒများနှင့် လက်တွေ့လုပ်ဆောင်နေမှုများကဲ့သို့ ရှုပ်ထွေးပြီး လျှို့ဝှက်ထားသော ကိစ္စရပ်များကို
ဖော်ထုတ် ရေးသားသင့်ပါသည်။
အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ
33